💘 Part 22 💘

1.7K 102 6
                                    


"ဟုတ်တယ်..ကိုယ့်အကြံတွေ..
ကိုယ်သိပ်ချစ်လို့
ကလေးကိုပိုင်ဆိုင်ချင်လို့..အခုလိုနည်းကိုသုံးခဲ့တာ"

ဂျီမင်းတစ်ယောက် ဦးဂျောင်ဂုရဲ့စကားအားဘာမှပြန်မပြောနိုင်စွာ မလှုပ်မယှက်ရပ်နေမိသည်။မျက်ဝန်းတို့သည်လည်း အခုနကဝမ်းနည်းနေသောစိတ်အခံရှိတာကြောင့် မျက်ရည်တို့ပြန်လည်ပြည့်လျှံလာလေရာ ပါးပြင်ပေါ်မကျအောင် အတော်ထိန်းယူနေရသည်။

ထပ််လုပ်ခဲ့ပြန်ပြီပေါ့။   မကြိုက်ပါဘူး.. သိပ်မုန်းပါတယ်ဆိုတဲ့အရာကိုမှ ခင်ဗျားထပ်ခါတလဲလဲလုပ်နေခဲ့တာဘဲ။

"ဒါတွေအားလုံးကို ကိုယ်သေချာပြောပြမှာမို့ ကိုယ်ပြောတာကိုနားထောင်ပေးပါ ကလေး"

အသံသည် တောင်းပန်တိုးလျိုမှုတွေအပြည့်နှင့်။
ဂျီမင်းက ပြောလို့လည်းမပြောသလို မပြောပါနဲ့လို့လည်း မငြင်း။
ဒီအတိုင်းသာ သူ့ကိုစိုက်ကြည့်ရင်းရပ်နေ၏။
ရင်ထဲ ထုတ်မေးနေချင်သည့်စကားတစ်ခွန်းသည် နှုတ်ဖျားဆီကထွက်မလာဘဲရှိနေ၏။
ဘာလို့ လိမ်ရတာလဲ။ဘာလို့လှည့်စားရတာလဲ။

ဝမ်းနည်းရှက်ရွံ့စိတ်​​တွေနှင့် ဂျွန်ရှင်းပြနေတာတွေကိုလည်း ဂျီမင်းတစ်ယောက်ကြားတစ်ချက်မကြားတစ်ချက်နှင့်။ထူပူနေ၏။
အကုန်လုံးကဝိုင်းလိမ်ခဲ့ကြခြင်းအပေါ်ကိုလည်း သူဝမ်းနည်းမိသည်။ နည်းနည်းလေးမှမရိပ်မိခဲ့ခြင်းကိုလည်း ခံပြင်းလို့မဆုံး။
ဟိုလူကြီးကတော့ သူချစ်လို့ပါဟူသည့်စကားနှင့်ပင်လူကိုအပိုင်သိမ်းလိုက်ခြင်း။

သူ့ဘဝက ဘာလဲ။ ဘာလို့ဒီလောက်တောင်ညံံ့ဖျင်းရသလဲ။
လက်သီးလေးကိုတင်းကျပ်စွာဆုပ်ထားလိုက်ပြီး ဂျွန်ကိုမော့ကြည့်လိုက်တော့လည်း မျက်ရည်တွေကြောင့်
သူ့မျက်နှာက ဝေဝေဝါးဝါး။
ဂျွန်ကတော့ တောင်းပန်မျက်ဝန်းတွေနှင့် မမုန်းပါနဲ့ဟု ရှင်းပြနေ
ကာအသံတိတ်တောင်းပန်နေ၏။

"ကိုယ်အခုလို ကလေးကိုလှည့်စားမိသလိုဖြစ်သွားတာက ကလေးကိုယ့်ဆီကထွက်ပြေးသွားမှာစိုးလို့ပါ..ဘယ်အရာမဆိုသိပ်တွေးတတ်တာကိုစိတ်ပူလို့အတွေးလွန်ပြီးထွက်ပြေးသွားမှာစိုးလို့..ကိုယ့်ကိုမုန်းပြီးအခြတစ်ယောက်ရင်ခွင်ထဲရောက်သွားမှာစိုးလို့.. ကလေးကိုမပိုင်ဆိုင်ရမှာကြောက်လို့..အဲ့ဒီအကြောင်းတွေကြောင့်
အန်တီတို့အန်ကယ်တို့နဲ့တိုင်ပင်ပြီး ကလေးတီလေးကိုပြန်ခေါ်
အကူညီတောင်းပြီးအခုလိုစီစဥ်ခဲ့တာပါ.."

နှလုံးသားရဲ့ ပဲ့ကိုင်ရှင် Where stories live. Discover now