💘 Part 37 💘

1.1K 99 14
                                    

"ဦးဂျောင်ဂု အဲ့ဒီ shoeလေး "

"ဦးဂျောင်ဂု ဒီဟာရော "

"ဦးဂျောင်ဂု ဒါလေးရော "

"ဦးဂျောင်ဂု "

တစ်မနက်လုံး အသံလေးတစ်ဆာဆာနှင့် ပူဆာနေသမျှကိုမငြိုငြင်ဘဲ သဘောအကျကြီးကျ ဖြည့်ဆည်းပေးနေသူကြီး ကငါတို့ရဲ့ CEO ကြီးပင်။

"ဦးဂျောင်ဂု Chocolate Ice cream "

‌ကောင်တာမှာငွေရှင်းနေရင်း ဘေးကအသံလေးထပ်ထွက်လာ‌တာကြောင့်သူပြုံးမိရင်း

"Ok OK "

"ကလေးလေးကချစ်စရာလေးနော် တူလေးထင်တယ်"

ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့်သူလှည့်ကြည့်မိတော့ ငွေရှင်းကောင်တာကအမျိုးသမီးတစ်ယောက်ပင်။

"မဟုတ်ပါဘူး"

အဖြေကပြည့်စုံခြင်းမရှိတာမို့ ‌ဂျီမင်း ပိုက်ဆံရှင်းနေသူကိုစောင်းကြည့်လိုက်၏။
ဘာလဲ သူ့ကိုယ်သူလူပျိုဆိုပြီး ထင်စေချင်တာလား။မရဘူး လုံး၀ဘဲ အဲ့လိုမျိုးကိုမှဒေါက်ဖြုတ်ချင်တာ တွေ့မယ်။

"ယောကျာ်းပါ လက်ထပ်ထားတာ"

ရုတ်တရက်လက်မောင်းကိုတွဲချိတ်လျက်
ပြောလာတာကြောင့် ဂျွန်အံဩသွားရသည်။တစ်မနက်လုံးခပ်ခွာခွာနှင့် သာ လျောက်လည်နေသမျှ အခုမှသာ လက်ကိုလာတွဲတာကြောင့် သူ့မှာ မေးတဲ့ ၀န်းထမ်း‌မလေးကိုပင် ကျေးဇူးတင််ရမလိုလို။

၀န်ထမ်းမလေးက‌တော့ အစကတည်းကရိပ်မိသလိုလိုရှိပေမဲ့ မဟုတ်လောက်ပါဘူးလေ ဦးလေးလိုမို့ နေမှာ
ပါလို့ငမ်းနေသမျှအခုမှပင် တရား၀င်ရှတော့တာပင်။

"Chocolate Ice cream ရပါပြီ"

Ice cream အားလာပေးနေတာကြောင့် စိတ်ထဲမှာမ‌ကျေနပ်နေရာမှ လှမ်းယူလိုက်၏။

"ကလေး ကိုယ့်ကို စိတ်ဆိုးနေတာလား "

အနည်းငယ်စူပုတ်ပုတ်ဖြစ်နေသော မျက်နှာလေးကြောင့် သူ့မှာ ဘာများမှားပြီးလဲဟုတွေးနေရတာ၏။
သေချာတာက‌တော့သူ ဘာမှမလုပ်ထားပါ။

သူပြောတာကိုပြန်မဖြေဘဲ ရေခဲမုန့်ကိုတစ်ဇွန်းခပ်စားလိုက်ရင်း

နှလုံးသားရဲ့ ပဲ့ကိုင်ရှင် Where stories live. Discover now