တံခါးဘောင်ကို မှီရပ်ရင်း မနက်စာပြင်နေသူ၏ ကျောပြင်ကြီးအား အကြောင်းမဲ့ ငေးကြည့်ရင်း အတွေးတွေနက်နေမိသည်။
သူကတော့ အလုပ်ရှုပ်နေတာမို့ သူ့ကိုမမြင်ပါ။ဒါကြောင့်ဘဲ သူငေးနေမိတာဖြစ်သည်။
တီရှပ်တစ်ထည်နှင့် ဘောင်းဘီခပ်ပွပွ အား ရိုးရှင်းစွာ၀တ်ထားသည့် ဦးဂျောင်ဂုပုံစံသည် တည်ငြိမ်သန့်ရှင်းမှုတွေနှင့် ဘယ်အချိန်ထကြည့်ကြည့်
ငေးလောက်ချင်စရာဖြစ်နေသည်က သူ၏ ဆုတောင်းကောင်းခဲ့ခြင်းတွေလား။ပုံမသွင်းထားသည့်ဆံပင်တွေသည်လည်း နဖူးပြေပြေထက် ဝဲကျနေကြသည်က ကြည့်ကောင်းနေပြန်သေးသည်။
ဘေးတိုက်မြင်နေရသည့် ထိုအနေအထားသည်ပင်လျှင် အတော်လေးကိုကြည့်ကောင်းနေတာဖြစ်သည်။ မိန်းကလေးတွေလိုချင်သည့် ဘဲကြီးType ပင်။
သူသက်ပြင်းချလိုက်မိကာ မနေ့ညကအကြောင်းတွေသည်ခေါင်းထဲပြန်တိုး၀င်လာကြသည်။
"ကလေး လာလေ "
အသံကြောင့် ဆက်ခနဲဖြစ်သွားရသည်။
ထို့နောက် လည်ပင်းကိုလက်နှင့် ပွတ်လိုက်ရင်း သူ့အနားကိုလျှောက်သွားလိုက်မိသည်။"မနေ့ညကကောင်းကောင်းအိပ်ပျော်ရဲ့လား "
ထိုစကားကြောင့် မျက်လုံးလှန်ကြည့်လိုက်မိပြီးမှ မျက်လွှာပြန်ချလိုက်ကာ
"အင်း"
ဂျီမင်း သူဘာများဆက်ပြောမလဲဆိုတာအား မသိမသာ နားစွင့်နေမိသည်။သို့သော် စကားသံတို့ ထွက်မလာပေ။
"Morning ကလေး"
ပြောရင်း သူ့ရှေ့ကိုချပေးလာသည်က စားချင်စဖွယ်အတိဆိုသော်လည်း စားချင်စိတ်တွေမရှိနေတာဘာကြောင့်လဲမသိ။
စိတ်ထဲမေးချင်နေမိသည့်မေးခွန်းတွေသည် နှုတ်ဖျားကနေထွက်မလာပေ။
"မကောင်းလို့လား ကလေး "
"မဟုတ်ပါဘူး ဒီတိုင်း"
သူ စိတ်ပူစွာနှင့် သေချာငုံ့ကြည့်လာရင်း နဖူးထက်သို့လက်ဖဝါးတစ်ဖက်က ချက်ချင်းဆိုသလိုရောက်လာ၏။
YOU ARE READING
နှလုံးသားရဲ့ ပဲ့ကိုင်ရှင်