"Jimin ခုနကလူကဘယ္သူလဲ.. အရမ်းချောတာဘဲ.. မဟုတ်သေးပါဘူး ဆွဲဆောင်မှူအရမ်းရှိတာ.. မကသေးပါဘူးဒါလည်း.. အင်း..
ဘယ်လိုပြောရမလဲ.."ရင်ဘတ်ကို လက်နှင့်ဖိကာခေါင်းတယမ်းယမ်း ပြောနေပုံက သူ့ကိုဘဲအရေးတယူ အဲ့ဒီလူကြီး ပုံစံကိုခွဲခြားခိုင်းနေသလို။ဘယ်သူမှလည်းမမေးဘဲ.. သူ့ဟာသူခွဲခြားနေတာအား အေရးလုပ္မေနတော့ဘဲ ထယ်ကျန်ခဲ့သောစာအုပ်အား သိမ်းနေလိုက်သည်။
အဲ့ဒီထယ်လည်း အစကစာလုပ်ဖို့အိမ်အတူတူလာကြသော်လည်း စာအုပ်တောင်မဖွင့်ရသေး သူ့ Crush ကြီး Magic shop မှာကော်ဖီသောက်နေတယ်ဟု သတင်းရတာကြောင့် မဖွင့်ရသေးတဲ့ စာအုပ်ကိုတောင်ချက်ချင်းချသွားပြီး တချိုးတည်း ထပြေးတာကြောင့် သူနှင့်ဂျီယောင်းသာ စာလုပ်ရန်ကျန်ခဲ့တော့၏။
ကျန်ခဲ့တဲ့တစ်ယောက်ကလည်း စာမလုပ်ဘဲ ခုနကသြူမင်ခဲ့သော ဦး Jungkook ပုံစံအားခွဲခြားစိတ်ဖြာနေတာမပြီးနိုင်မစီးနိုင်။
ခေါင်းကိုအသာယမ်းပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သောသူ့ကို ဂျီယောင်းက လှည့်ကြည့်လာကာ.."ဘာတွေဖြစ်နေတာလဲ.. သက်ပြင်းတချချနဲ့ "
"ကြည့်မရတော့လို့ဟေ.. "
"ဟယ်..ဘာကိုကြည့်မရတာတုန်း.. "
"နင်တို့ကိုလေ.. "
"ပေါက်ကရဟယ်.. ငါတို့ဘာမှမလုပ်ပါဘူးနော်"
"မလုပ်ပေးလို့ဘဲ.. တစ်ယောက်ကစာလုပ်ဖို့လာတယ်ဆိုပြီး စာအုပ်ကိုတောင်မဖွင့်ဘဲထပြေးတယ်.. နောက်တစ်ယောက်ကလည်း ကိုယ့်အတန်းက စာမလုပ်ဘဲ ဘာမဟုတ်တာတွေခွဲခြားနေတယ်.. ကောင်းပါတယ်..ငါ့သူငယ်ချင်းတွေ"
"ဟ..ငါကငါ့အတန်းကစာတွေ မျက်စိလေးကို ဒီလိုလေး မှိတ်ထားပြီးဖြေရင်တောင် ရတယ်.. အေးဆေး
နင်တို့သာကျက်ကြ"Jimin ကမပြောတော့ဘူးဆိုတဲ့ပုံစံနှင့် တစ်ဖက်လှည့်သွားတော့..
"ငါမေးတာဖြေအုံးလေ.."
"ဘာကိုတုန်း.. "
"ခုနကအပြင်မှာတွေ့တာနင့်အကိုလားဦးလေးလား.. "
"ငါ့မှာတီလေးဘဲရှိတာ သိရဲ့သားနဲ့"
"အာ့ဆိုသူက.."
YOU ARE READING
နှလုံးသားရဲ့ ပဲ့ကိုင်ရှင်