"ခင်ဗျား..ဘယ္လို"
"စကားပြောရအောင်"
ပြောလည်းပြောလက်ကိုလည်း လာဆွဲတာကြောင့် ကြောင်အမ်းစွာ ထပါလာခဲ့ရ၏။
"ဒီမွာ... "
"သူတို့စကားအေးဆေးပြောပါစေ"
ထလိုက်ရန်ပြင်နေတဲ့ ကောင်လေးလက်ကို လှမ်းဆွဲလိုက်ကာနမ်ဂျွန်းကပြောလိုက်ခြင်းဖြစ်သည်။
"ဘာလို့လဲ..."
"သူတို့ကမကြာခင်လက်ထပ်တော့မယ့်သူတွေလေ"
"ဘာ !!"
ထအော်လိုက်တဲ့ ကောင်လေးကြောင့် နားတောင်ပိတ်ထားလိုက်ရသည်။
သူ့စိတ်ထဲလည်း ဒီကောင်လေးအပြုအမူတွေက ထူးဆန်းနေသည်ထင်မိသည်။
ဂျီမင်းဒီမှာရှိတာကို ဘယ္လိုသိတယ္မသိ ။ရောက်လာပြီးဂျီမင်းအနားမှာကျွန်တော်ခနနေပေးချင်လို့ဟုဆိုကာ အကုန်လုံးကိုအပြင်ခနထွက်ပေးရန်တောင်းဆိုလာသူ။
ဂျီမင်းနဲ့ရင်းနှီးသည်ဆို၍သာလှွတ်ထားပေးခြင်းပါ။
အခုတော့ ဂျီမင်းအပေါ်ဘယ်လိုသဘောထားလဲဆိုတာကိုပါ ခန့်မှန်းမိလာတာကြောင့် ဝင်မရှုပ်မိစေရန်ဆွဲထားခြင်းဖြစ်သည်။
ဆွဲမထားလို့လည်းမရ။ ဂျောင်ဂုအကြောင်းသူသိသည်။စိတ်တိုခဲသည်။ စိတ်တိုနေရင်လည်း ကြောက်စရာကောင်းသည်။
ဒီကောင်လေးလိုက်သွားရင် ဒီကောင်လေးဘာဖြစ်မယ်ဆိုတာဘယ်သူမှမခန့်မှန်းနိုင်။
............."လှွတ်..လှွတ်လို့ပြောနေတာကို"
ပြောတာကို နည်းနည်းမှနားမထောင်။ သူ့ကားရှိရာဆီအတင်းဆွဲခေါ်လာတာကြောင့် ရှိသမျှအားနှင့်ရုန်းမိသည်။
"ဦးဂျောင်ဂု.. ပြောနေတာမကြားဘူးလား"
ဂရုမစိုက်ပါ။ လုပ်ချင်တာကိုဇွတ်လုပ်နေတာ တကယ်မုန်းစရာကောင်းသည်။
ထို့နောက် ကားတံခါးဖွင့်ကာ ကားထဲထည့်ရန်ကြံနေပြန်တာကြောင့် အသားကုန်ရုန်းမိတော့သည်။"မတက္ဘူး...လှွတ်"
"ငြိမ်ငြိမ်နေ "
အသံသည် ခါတိုင်းနဲ့မတူ ။တင်းမာနေသည်။ ဘာလဲ..သူ့ကိုအော်နေတာလား..ဘာဆိုင်လို့လာအော်နေရတာလဲ..။
YOU ARE READING
နှလုံးသားရဲ့ ပဲ့ကိုင်ရှင်