💘 Part 38 💘

1.3K 88 8
                                    

"အဲ့လိုမလုပ်ရဘူးလေ ပေး ကိုယ်ပြမယ် "

လိပ်ပြီးသားထမင်းလိပ်တွေအား လှီးနေတာပုံမကျပန်းမကျမို့ ဦးဂျောင်ဂု က သူ့လက်ထဲကဓားကိုအသာဆွဲယူရင်း လှလှလေးတွေလှီးပြ၏။
အမယ်သူလှီးတော့လည်း သပ်သပ်ရပ်ရပ်လေးတွေ ။

"ပေးပေး သိပြီ ကျနော်လုပ်မယ် "

ပြောလည်းပြောသူ့ကိုယ်ကိုတွန်းတွန်းတိုက်တိုက်‌နှင့် လက်ထဲကအရာအားယူလိုက်၏။

ညစာချက်နေတုန်း အဆာပြေစားချင်တယ်ဆိုတာကြောင့် ထမင်းလိပ်လုပ်ပေးနေခြင်းဖြစ်ကာ မျက်လုံးတောက်‌တောက်လေးတွေနှင့်တစ်ချိန်လုံး‌လိုက်စူးစမ်းနေလျက် အပိုင်းလေးတွေဖြတ်ခါနီးမှသူ့လုပ်ချင်ပါသည်ဆိုတာကြောင့် ‌ပေးလုပ်ခိုင်းရသော်လည်း လက်ထိမှာစိုး၍တစ်ချိန်လုံး အနောက်ကလိုက်ကြည့်နေရသည်။

"ရပြီ "

ထမင်းလိပ်လေးတွေအား ပန်းကန်ထဲထည့်နေမှသက်ပြင်းချကာ သူလည်း ညစာပြန်ချက်ဖို့ ပြင်ရသည်။

"ဦးဂျောင်ဂု စားကြည့် "

ဘေစင်မှာအသီးအရွက်တွေဆေးနေတဲ့ သူ့အနားရောက်လာကာ ပန်းကန်ကိုထိုးပေးလာတာကြောင့် သူမျက်ခုံးပင့်လိုက်ကာ

"ကိုယ်လက်မအားလို့ "

"အော် အင့်အင့် "

‌ခေါင်းလေးတဆတ်ဆတ်ငြိမ့်လျက် တူနှင့် တစ်ခုကိုယူလျက် သူ့အားခွံ့ကြွေးလာ‌တော့ သူ့အတွက် ခွင်ပေါ့။

သူ့လက်ရာက ကလေးလက်ကလေးနဲ့
ခွံတော့မှပိုအရသာရှိသလိုပါခံစားမိသည်။

သူစားနေ
တာအားသေချာကြည့်ကာ

"ကောင်းတယ်မလား "

"အင်းး"

လုပ်ထားတာကသူဆိုသော်ငြား မေးလာသည့်ပုံလေးကသူ့လက်ရာ‌အားကြွားချင်နေ၍ မြည်းခိုင်းနေသလို။
ဂျောင်ဂုပြုံးသာပြုံးမိ‌နေ
ရသည်။

"ကောင်းမှာပေါ့ ခင်‌ဗျားလုပ်ထားတာဘဲ "

အော် ဒါတော့ အမှတ်ရသားဟုစိတ်ထဲကတွေးမိသွားရ၍ နှုတ်ခမ်းတွေကဒုတိယမ္ပိ ပြုံးသွားရပြန်သည်။ သူ့မျက်လုံးထဲ
ကလေးသည် ကြာလေကြာလေချစ်ဖို့ကောင်းလေပင်။

နှလုံးသားရဲ့ ပဲ့ကိုင်ရှင် Where stories live. Discover now