💘 Part 23 💘 (U&Z)

1.4K 89 15
                                    


မနက်ခင်းရဲ့နေရောင်ခြည်သည်
မျက်နှာနုနုထက် နွေးထွေးစွာဖြာကျနေမှုကို သူခံစားမှုမဲ့နေသော ပုံစံနှင့် မလှုပ်မယှက် ဒီတိုင်းကြည့်နေမိသည်။ အရင်ကဆို အိပ်နေရင်း မျက်နှာကိုနေရောင်ကျလာလျင် စောင်ကိုအသည်းအသန် လိုက်ရှာကာ ကွယ်လျက်အိပ်ပစ်မိသောသူပါ။
အခု သူသည် အရင်ကဲ့သို့သော သူမဟုတ်သည့်အတိုင်း။

ဟုတ်ပါသည်လေ။သူကအရင်လိုမှမဟုတ်တော့တာ။

မျက်ရည်သည် ကျလာဖို့ပင် ပင်ပန်းနေခဲ့ပြီထင်ပါသည်။ နာကျင်နေသောရင်အစုံက တွေးလေလေနာကျင်လေမို့ သူမတွေးတော့ပါ။

မျက်လုံးကိုအသာမှိတ်လျက် အသက်ကိုဖြည်းညှင်းစွာရှုနေမိသည်။

ထိုစဥ် အတွေးထဲမြင်လာမိသည့် နေရာလေးအားသတိရလာတာကြောင့် မျက်လုံးတွေကို ဆတ်ခနဲပြန်ဖွင့်လျက် ထိုနေရာလေးအားသွားရန် စိတ်ကူးလိုက်၏။

သူ့စိတ်တွေ မွန်းကြပ်မှုတွေကို အဲ့ဒီနေရာလေးတွင်သာ အမြဲတမ်းထွက်ပေါက်ပေးမိသည်။
ထိုနေရာလေးမှာတော့ သူစိတ်ထဲ
နာကျင်မှုတွေ ပြေပျောက်ကောင်းပြေပျောက်နိုင်ပါရဲ့။ အကုန်လုံးတော့မဟုတ်ရင်တောင် အနည်းငယ်တော့ သက်
သာသွားလိမ့်မည်ဟု သူယုံကြည်နေသည်။

အတွေးနှင့် အိပ်ရာပေါ်ကဆတ်ခနဲထလျက် ရေချိုးခန်းဝင်လိုက်၏။

ထို့နောက် ဖရိုဖရဲအကျ်ီအား ဆွဲချွတ်လျက် တစ်ကိုယ်လုံးလုံခြုံသည့်အကျီအားရှာဖွေလျက် ဝတ်လိုက်၏။ မဝတ်လို့လည်းမရ။ လည်ပင်းတစ်ဝိုက်တွင် နီရဲရဲအရာတွေ ထင်ကျန်နေတာ ဟိုလူအနိုင်ကျင့်လို့။

နှုတ်ခမ်းကိုခပ်ဖိဖိတစ်ချက်ကိုက်လိုက်မိသည်။
လူရမ်းကား..လူကြီးလူကောင်းမဆန်တဲ့လူကြီး။

စိတ်ထဲ မကျေနပ်ချက်တွေကို ရင်နဲ့အပြည့်ထည့်ထားရင်း လွယ်အိတ်ကိုကောက်လွယ်လိုက်ကာလှေ
ကား အတိုင်းဆင်းလာခဲ့၏။

"Boss နေမကောင်းဘူးလား"

​လှေကားအတိုင်းဆင်းနေသော ခြေလှမ်းတွေတိခနဲရပ်တန့်သွားရပြီးနောက်အသံလာရာအောက်ဘက်ဆီ နားစွင့်လိုက်မိသည်။

နှလုံးသားရဲ့ ပဲ့ကိုင်ရှင် Where stories live. Discover now