💘 Part 42 💘 (Ending)

1.5K 107 13
                                    

အိပ်ရာပေါ်ထိုင်နေရင်း
မျက်စိရှေ့ကဖုန်းလေးကို မဝံ့မရဲကြည့်နေမိတာ ဘယ်လောက်တောင်ကြာနေပြီလဲမသိ။ စိတ်ထဲချီတုန်ချတုန်ဖြစ်နေမိသည်။ စိတ်လှုပ်ရှားတာကြောင့် ကြည်လင်၀င်းမွတ်‌နေသော
လက်သည်းလေးတွေကိုပါတတိတိကိုက်လျက်။

နောက်ဆုံးတော့ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ကာ အဝါရောင်ဖုန်းလေးအား ကောက်ကိုင်လိုက်ကာနံပါတ်တစ်ခုအားရိုက်နှိပ်လိုက်တော့သည်။

သူဖုန်းနဲ့တစ်ခါမှ သူ့ကိုဖုန်းမခေါ်ခဲ့ဖူးပေ။
ဒါသည်ပထမဆုံးအကြိမ်ပင် ။

"တီ..."

၀င်သွားသော ဖုန်းလေးကိုကြည့်ရင်း ရင်တွေတဒိတ်ဒိတ်ခုန်လာပြီး လက်‌ဖျားတွေပါ အေးစက်လာရသည်။

ဟင်။ဖုန်းကိုကိုင်လိုက်ပြီဆိုသော အသိကြောင့် အသက်ရှုပင်အောင့်ထားမိလိုက်သည်အထိ။

"Hello"

ကြည်လင်ပြတ်သားသော အသံ။အရှိန်အဝါတွေနဲ့ ဩဇာရှိသော လူတစ်ယောက်ဆိုတာတန်းကနဲသိနိုင်သည်အထိ သိပ်နားထောင်ကောင်းလွန်းသောအသံ။ လွမ်းနေခဲ့တာ ။ဒီရက်တွေအတွင်း သူဘယ်လောက်များဒီလူရဲ့အရာရာကိုလွမ်းနေခဲ့သလဲဆို ဒီအသံလေးသည် ပင် သူ့အလွမ်းတွေရဲ့တစ်စိတ်တစ်ပိုင်းကိုဖြေ‌ဖျောက်နိုင်သည်တဲ့လေ။
လူကိုယ်တိုင် သွားတွေ့ချင်စိတ်တွေပါ ဖြစ်လာမိတဲ့အထိ။ တကယ်တမ်းပြောရရင် သူ့ရဲ့ကြင်နာယုယမှုတွေ ကိုပိုလွမ်း‌မိတာပါ။
နောက်ပြီး အသံတင်မကဘဲ သူ့ကိုပါ ။သူသိပ်ကိုတွေ့ချင်လွန်းပါသည်။

"Hello"

နောက်ထပ်ထွက်ပေါ်လာသည့်အသံကြောင့်
သူအတွေးတွေရပ်သွားရ၏။
သူဘာပြောရမှာပါလိမ့်။အသံလေးဖြစ်ဖြစ်ကြားချင်သောစိတ်ကြောင့်ဆက်လိုက်မိပေမဲ့ သူ့မှာဘာမှပြောစရာမရှိပေ။

သို့သော် ဖုန်းချလိုက်မှာလည်းစိုးသည်။

ဖုန်းထဲမှ ဘာသံမှဆက်မကြားရတာကြောင့် ဖုန်းချလိုက်တာထင်သည်။တီခနဲချသွား၏။

သူဖုန်းလေးအားငူငူကြီးထိုင်ကြည့်နေမိလျက် သူ့အသံကိုထပ်ကြားချင်နေမိပြန်တာကြောင့်
ထပ်ခေါ်လိုက်၏။

နှလုံးသားရဲ့ ပဲ့ကိုင်ရှင် Where stories live. Discover now