💘 Part 40 💘

1.2K 102 15
                                    

"ကလေး ကိုယ့်ဆီလာတာလား "

ရုံးခန်းထဲကဆိုဖာပေါ် ကျုံ့ကျုံလေးထိုင်နေသောကလေးသည် သူ့အသံကြောင့်ထင်သည်။ခန္ဓာကိုယ်လေးအနည်းငယ်ဆတ်ခနဲဖြစ်သွား၏။
သူအနားလျှောက်သွားကာ ကလေးအနား၀င်ထိုင်လိုက်ရင်း ကလေးကိုငုံ့ကြည့်လိုက်တော့ ထိတ်ခနဲဖြစ်သွားရသည်။

ကလေးငိုနေတယ်။

"ကလေး ဘာဖြစ်တာလဲ "

ကမန်းကတမ်းပုခုံးလေးအား
ဆွဲလှည့်တော့ နာကျည်းနေသောမျက်၀န်းတွေနှင့်စိုက်ကြည့်လိုက်တာကြောင့် သူ‌လန့်သွားရသည်။

"ဖယ် မထိနဲ့ "

ဂျီမင်း စိတ်ပူသလိုနှင့် လာဂရုစိုက်နေသော လူကို ကြည့်ရင်း မဲ့လိုက်ကာ သူ့လက်တွေအားရှောင်တိမ်းလိုက်၏။

နာကျင်နေသောအတွေးများနှင့် ရင်ထဲ ပူလောင်ခံပြင်းနေသော်လည်း သေချာစေရန် မေးရပေအုံးမည်။

"ကျနော် မေးတာကို အမှန်အတိုင်းဘဲဖြေပေးပါ "

နာကျင်မှုက်ုမြိုသိပ်ကာ အသံကိုသေချာထိန်းလျက်မေးလိုက်တော့

"မေးပါ "

"ခင်ဗျား ကျနော်ကိုအရယူဖို့ဆယ်ဟိုနဲ့ စိန်‌ခေါ်ခဲ့လား "

ထိုစကားကြောင့်ပျက်ယွင်းသွားသော
သူ့မျက်နှာသည် ဘာမှဖြေနေစရာကိုမလိုတော့လောက်အောင်ပင်။
ယုံကြည်ချင်ခဲ့သောစိတ်တွေသည် သူ့မျက်နှာကိုကြည့်ရင်း ပြိုလဲကုန်ကြသည်။

"ဖြေလေ ဘာလဲ မှန်နေလို့လား"

ထိုအခါမှ မျက်နှာတစ်ခုလုံးကိုလက်ဖဝါးနှင့်သပ်ချလျက် လေပူတစ်ချက်မှုတ်ထုတ်လိုက်တာကိုတွေ့လိုက်ရသည်။စိတ်ရှုပ်တယ်ဆိုတဲ့သဘောလား။သူတစ်ယောက်တည်းစိတ်ရှုပ်နေတယ်ထင်နေတာလား။ဒီမှာ ခံပြင်းလွန်းလို့ ရူးတော့မယ်။တွေးရင်း နဲ့ ရင်ထဲနာကျင်လာရပြန်သည် ။

ဂျီမင်းသူ့ကိုဆက်မကြည့်ချင်တော့
စွာ မှန်ချပ်‌တွေအား ငေးနေလိုက်တော့သည်။
ပတ်၀န်းကျင်သည် တိတ်ဆိတ်ငြိမ်သပ်နေကာ သူရဲ့အသက်ရှုသံကိုသာကြားနေရသည်။

သေချာတဲ့အဖြေကိုစောင့်ဆိုင်းနေသောသူ့အဖို့ အခုလိုမပြောဘဲအချိန်ဆွဲနေသောအခါ ပို၍နာကျင်ခံခက်စေသည်။

နှလုံးသားရဲ့ ပဲ့ကိုင်ရှင် Where stories live. Discover now