💘 Part 17 💘 (U&Z)

1.3K 107 7
                                    


"အားနာလိုက္တာ..ဂျွန်ရယ်
အခုလိုကူညီပြီးအထုပ်တွေကူဆွဲပေးလို့ အမောပြေအအေးဖြစ်ဖြစ်သောက်ပြီးမှပြန်ရမယ်နော်.."

အထုတ်တွေဆွဲလျက်ဝင်လာသော ဟိုလူကြီးကို တီလေးကဖော်ရွေလွန်းစွာပြောလိုက်တာမို့ သူ့ကိုကြည့်နေသောမျက်ဝန်းတွေက ရွှေ့သွားကာ ခေါင်းကိုအသာရမ်းလိုက်တာကိုမြင်လိုက်ရသည်။

အပို..။
အထုတ်ကဖြင့် ပင်ပင်ပန်းပန်းသယ်ရတာလည်းမဟုတ်။အရမ်းကြီးလည်းကြီးနေတာလည်းမဟုတ်ပါ။
တီလေးနိုင်ငံခြားကဝယ်လာတဲ့ လက်ဆောင်ထုတ်တွေသာဖြစ်၏။
တီလေးကပြန်လာအုံးမှာမို့ ဟိုကိုပြန်မသွားခင်သူ့အကျီၤတွေအားပြန်သိမ်းမသွားဘဲသူ့အတွက်ပြင်ပေးထားသောအခန်းတွင်ဒီအတိုင်းထားခဲ့တာဖြစ်တာကြောင့် အရင်အခေါက်တွေကလို အကျီအိတ်မပါခဲ့ခြင်းသာ။
ဒါကို ဘာပင်ပန်းစရာရှိမှာလဲ..။

"ရပါတယ်.."

"မရပါဘူး..သောက်စေချင်လို့ပါ"

"ဟုတ်ပါပြီ..
ဆိုယုကသောက်စေချင်ရင်ကျွန်တော်သောက်သွားရမှာပေါ့"

အေပးအယူမ်ွစွာစကားပြောနေတဲ့လူနှစ်ယောက်ကို သူငေးကြောင်စွာရပ်ကြည့်နေမိ၏။
ထိုနှစ်ယောက်ကတော့ သူ့ကိုတောင်သတိထားမိရဲ့လားမသိ။မေ့များနေကြတာလားမပြောတတ်။
သူစိတ်ထဲ အပိုလူတစ်ယောက်လိုကိုယ့်ကိုယ်ကိုခံစားမိလိုက်တာေကြောင့် ထိုမြင်ကွင်းကိုကျောခိုင်းလျက်ထွက်ခဲ့လိုက်သည်။

"သားဖေဖေခနနေပြန်လာလိမ့်မယ်.."

ကျောခိုင်းလိုက်လိုက်ချင်း မေမေနဲ့တိုးတာကြောင့် မေမေကသူ့အားပြောလိုက်ခြင်းဖြစ်သည်။
ထို့နောက် အနားကိုတီလေးတို့ရောက်လာကာ မေမေက စားပွဲတွေဆီခေါ်ခဲ့လိုက်တာကြောင့် သူပါရောလျက်ဝင်ထိုင်လိုက်ရသည်။

"ညစာတစ်ခါတည်းစားပြီးမှပြန်နော်..မောင် Jungkook ခနနေမင်းအန်ကယ်လာလိမ့်မယ်ကွယ့်.."

"ကျွန်တော်.."

"မငြင်းပါနဲ့ကွယ်..တို့တွေကအားနာရမယ့်လူတွေမှမဟုတ်ဘဲဟာ"

"ဟုတ္သားဘဲ..ဂျွန်ကလည်း.."

"ကောင်းပါပြီဗ်ာ.."

နှလုံးသားရဲ့ ပဲ့ကိုင်ရှင် Where stories live. Discover now