Unicode
ဒီနေ့ ကျောင်းဆင်းချိန်တွင်ဖြစ်သည်။
Jimin တစ်ယောက်တည်း ကျောင်းမှ လမ်းလျှောက်ပြန်လာခဲ့ရသည်။
မနက်ကတည်းက ထယ်နဲ့အပြင်လျှောက်လည်
မှာဖြစ်သဖြင့် လာမကြိုဖို့ပြောကာ ထြက္လာခဲ့ရာ ကျောင်းရောက်တော့တစ်နေ့လုံး ဘာဖြစ်နေတယ်မသိ။မရှွင်မပြမျက်နှာနှင့်ထယ်သည် စိတ်ညစ်နေဟန်ရှိသည်။
သူနဲ့ဂျီယောင်းမေးသမျှကိုလည်း ဘာတစ်ခုမှပြန်မဖြေ.. ငူတူတူငိုင်တိုင်တိုင်နှင့် ။
ဘာဖြစ်နေမှန်းမသိရတဲ့အတွက်
ဂျီယောင်းနဲ့သူ့မှာနှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ပြိုင်တူ ကြည့်မိကြသည်။
ကျောင်းဆင်းတော့လည်း အိမ်စောစောပြန်တော့မည်ဟု ဆိုကာ အရင်ထွက်သွားတာကြောင့် သူ့မှာ ယောင်တောင်တောင်နဲ့။စိတ်ညစ်နေသဖြင့် မသွားတော့ဘူးလားလို့လည်း မမေးချင်။ နှစ်သိမ့်ပေးမည်ဆိုတော့လည်း ဘာအကြောင်းကြောင့်ဖြစ်ရသလဲ
မသိတော့ ဘယ်ကစနှစ်သိမ့်ရမလဲလည်း မသိနေပါ။ သူက တမင်မသိစေချင်တာမို့ အတင်းလည်း မေမးခဲ့တော့တာ။
သူပြောချင်တဲ့အခါ မေးစရာမလို ပြောလာမှာကို သိတာကြောင့်လည်းပါသည်။ ဒါကြောင့် အပြင်သွားမယ့်ကိစ္စ လက်လျှော့လိုက်ရသည်။
ဂျီယောင်း ကိုခေါ်ကာသွားမည် ဆိုသော်လည်း အချိန်ပိုင်းအလုပ်နှင့် မအားမှာကိုသိသဖြင့် သူမခေါ်ခဲ့ခြင်း။ အိမ်ကိုသာတန်းပြန်ခဲ့့လိုက်သည်။အခုတော့ သူတစ်ယောက်တည်း..
လမ်းလျှောက်ရင်း လမ်းမှာတွေ့သမျှသစ်ရွက်တွေကို ခြေလွဲှကန်ရင်း ပါးစပ်ကလည်းပွစိပွစိနှင့်။ လမ်းသွားလမ်းလာများက ဖြူဖြူလုံးလုံးလေးနှင့် ချစ်စဖွယ်ကောင်လေးကိုကြည့်ကာ သေဘာက်စြာ ပြုံးသွားကြသည်။ဒါကိုလည်း Jimin
သတိမထားမိပါ။
ထိုအချိန်.."ကေလး.."
"အမေလး !"
ရုတ်တရတ် နားနားကပ်ကာခေါ်လိုက်သော တည်ငြိမ်တိုးဖွသော ယောကျာၤးတစ်ယောက်၏ အသံကြောင့် လန့်ကာထအော်မိပြီးမှ ကမန်းကတမ်း ထအော်မိသော နှုတ်ခမ်းလေးကို အလျင်အမြန် လက်ကလေးနှစ်ဖက်နှင့် အုပ်ကွယ်မိရင်း မော့ကြည့်တော့..
သူ့ကိုပြုံးကာကြည့်နေသော Jeon Jungkook ဆိုသော လူကြီးကိုတွေ့လိုက်ရသည်။
ဒီလူကြီးက..ဘာလဲ။
YOU ARE READING
နှလုံးသားရဲ့ ပဲ့ကိုင်ရှင်