Reflection Part(1)

606 11 0
                                    

တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်တစ်ခုလဲဖြစ်သလို..
သစ်ပင်ကြီးတွေပေါများတဲ့ နေရာတစ်ခု...

ခေါင်းပေါ်ကိုမော့ကြည့်လိုက်တာနဲ့ အုပ်ဆိုင်းနေတဲ့ ကုက္ကိုလ်ပင်တွေ ဝါးပင်တွေ အစီအရီ...

မြက်ခင်းပြင်ကျယ်ကျယ်ရဲ့အလည်မှာ ပိုက်ကြိုးတန်းနဲ့ ဘတ်စကပ်ဘောကစားနေတဲ့လူငယ်တစ်စု..

ညနေကျောင်းဆင်းတိုင်း ဒီနေရာမှာအမြဲစောင့်နေပေးရတဲ့သူ...

တစ်နာရီလောက်ဆော့ပြီးတဲ့အခါမှာတော့....
အမောတကောနဲ့ သစ်သားထိုင်ခုံတန်းပေါ်လာထိုင်တဲ့သူ...

" ညီ ကျူရှင်သွားမယ် "

" အင်း "

" ညီ ငါ့ကိုစောင့်ရတာ မင်းပျင်းနေပီလား "

" ဟင့်အင်း ရပါတယ် သွားရအောင်
နောက်ကျနေမယ် "

အ့လိုပဲ ညီက စကားနည်းသလို ကိုယ့်ကိုနေ့တိုင်းစောင့်ပေးတဲ့ သူငယ်ချင်းကောင်းလေး...
အိမ်ကလဲ ညီနဲ့မှ ဘယ်သွားသွားစိတ်ချပြီးအသာတကြည်လွှတ်တယ်
ညီက စာတော်တယ် လူကလဲအေးတယ်...
အပေါင်းအသင်းဆို ခုအထက်တန်းအထိ ကိုယ်တစ်ယောက်ထဲပဲ...
အယ် ဒါပင်မဲ့ ခုဆယ်တန်းရောက်မှ ညီသူငယ်ချင်းအသစ်တွေရလာတယ်...
သူတို့ကလဲ တစ်တန်းတည်းသမားတွေဆိုတော့..
ပြီးတော့ ညီကလဲ စာတော်တာကိုး ပေါင်းချင်ကြမှာပေါ့...

ကိုယ်နဲ့ညီကတော့ ဟိုး အမေ့ဗိုက်ထဲကထွက်ကတည်းက နပန်းလုံးပြီးထွက်လာတာ အဟဲ...

" ဘုန်း မြန်မြန်နင်း နောက်ကျနေပီ "

" အော် အင်းပါ "

အတွေးလွန်သွားတာနဲ့ စက်ဘီးနင်းရင်းနှေးသွားတာနဲ့ စာဂျပိုး ညီက သတိပေးပီ...

ကျူရှင်ရောက်တာနဲ့ ညီက စာအုပ်နဲ့မျက်နှာနဲ့မခွာတော့ဘူး...

ကိုယ်ကတော့ ပျင်းတယ်...
စာအုပ်မြင်တာနဲ့အိပ်ပျော်တယ်..အဟဲ

Physics ဆရာအချိန်ဆိုတော့ ဆရာက အေးဆေးတဲ့သူဆိုတော့ ခိုးအိပ်လို့ရတာနဲ့...

" ညီ ဆရာမေးရင် ငါနေမကောင်းဘူးပြောပေးကွာ "

" ဘုန်း...မင်းထပ်လုပ်ပြန်..."

ReflectionOnde histórias criam vida. Descubra agora