Reflection Part(31)

19 0 0
                                    

ခုချိန်ထိ ရှိုက်လို့မပီးသေးတဲ့တစ်စုံတစ်ယောက်..

" ဟင့်....အင့် "

" မြတ် အအေးပတ်မယ် အထဲဝင် "

ဆေးရုံကနေ အခန်းပြန်ခေါ်လာပြီးတည်းက
ကိုယ်ရေချိုးပီးတဲ့အထိ မပီး
ဘာစကားတစ်ခွန်းမှမပြောပဲ ဝရံတာထွက်ပြီး ငိုနေလေရဲ့

" ဟင့်...ဟင့် "

" မြတ် မင်းအထဲဝင်မလား မဝင်ဘူးလား "

" ဟင့်...မဝင်ဘူး မဝင်ဘူး "

" မြတ် မင်းမဝင်ရင် ငါချီခေါ်မှာနော် "

သူ့နားသွားပြီး လက်လှမ်းလိုက်တော့...

လက်ကိုရှောင်ပြီး နောက်ဆုတ်သွားရင်း
ဝရံတာဘောင်နဲ့ထိပြီး လန့်သွားတော့...

" မြတ် မင်း သေချင်နေတာလား လာစမ်း "

လက်ကိုဆောင့်ဆွဲခေါ်သွားတဲ့ ဒင်းက လူကြမ်းကြီး...

" ဖယ် လွှတ်..."

" ဟာ နားငြီးတယ် တိတ်တိတ်နေစမ်း မြတ် "

သူ့ကိုအော်လိုက်တော့ မျက်ရည်က ကျလာပြန်ရော...

" ကဲ မြတ် ကိုယ်ပြောပြမယ်
မင်းကိုစိုးရိမ်လို့ အော်မိတာ မင်းနားလည်တယ်မလား ဟမ်
ညသန်းခေါင်အချိန် လူသူမရှိတဲ့ လမ်းမပေါ်
ဘယ်လောက်အန္တရာယ်များလဲ မင်းမသိတာလဲမဟုတ်...
ကိုယ်မင်းကို ဘယ်နည်းနဲ့မှ မထိခိုက်စေချင်ဘူး
မင်းသိလား မင်းနားမလည်သလို ကလေးဆန်တာလေး လျှော့ပေးကွာ နော် "

သူ့ဆံပင်ကိုသပ်ပေးပြီး မျက်ရည်တွေသုတ်ပေးရင်း ပြောပြမိတော့...

အငိုတော့ရပ်သွားပြီး ပြန်တော့စကားပြောမလာ..

" ကြားလား ကိုယ်မင်းကိုစိတ်ပူတယ်ဆိုတာ မင်းနားလည်တယ်မလား ဟမ် "

မျက်လွှာချထားတော့ စိုစွတ်နေတဲ့အပေါ်မျက်တောင်မွှေးလေးတွေ အနည်းငယ်လှုပ်ခတ်သွားပုံအရ မင်းနားလည်တယ်ဆိုတာကိုယ်သိပါတယ်

" ကိုယ့်ကိုကြည့်အုံးလေကွာ မြတ်.."

မေးဖျားကိုပင့်ကိုင်မိတော့..

" အ့တာ...အ့တာက သိတယ်လေ "

" ဘာကိုသိတာလဲ ဟမ် ဖြေပါအုံး "

You've reached the end of published parts.

⏰ Last updated: Oct 21 ⏰

Add this story to your Library to get notified about new parts!

ReflectionWhere stories live. Discover now