" ဟင့်.....အင့်.....ဟင့်....အင့် "
ညနေ duty ကပြန်လာပြီး အိမ်မှာကျန်နေခဲ့တဲ့ညီ့ကို စနောက်ဖို့အတွက် တိတ်တိတ်လေးခြေသံမကြားအောင် မနည်းတက်လာခဲ့ရတာ
အိပ်ခန်းလေးထဲမဝင်ခင် ရှိုက်သံတစ်ချို့ကြားတာနဲ့ ပိုပြီးသတိထားလျှောက်လာမိတယ်
အသာယာအခန်းတံခါးလေးတွန်းဖွင့်ကြည့်တော့
" ဟ့...ဘုန်း ဘယ် ဘယ်တုန်းကပြန်လာတာလဲ "
ညီ ငိုနေတာ...ငိုနေခဲ့တာပဲ
" ညီ ဘာဖြစ်လို့လဲ ညီ့ကို ဘသူဘာလုပ်လဲ ပြော
ဘာလို့ငိုနေတာလဲ "နားထင်ကြောတွေထောင်နေတဲ့အထိ စိုးရိမ်တစ်ကြီးမေးလာတဲ့ ဘုန်းကြောင့်...
" ဟင့်အင်း ငါဘာမှမဖြစ်ပါဘူး ဘုန်း ဘာမှမဖြစ်ဘူး "
" မလိမ်နဲ့ ညီ ကိုလိမ်တာမကြိုက်ဘူး ပြော "
" ဟင့်အင်း ဟင့်အင်း မမေးပါနဲ့ " ဆိုပြီး ဘုန်းရင်ခွင်ထဲ အသာယာတိုးဝင်ကြည့်မိတယ်
လှိုက်လှိုက်လှဲလှဲ ကြိုဆိုလာတဲ့ ဘုန်းရင်ခွင်က
နွေးထွေးလိုက်တာ....
ဘုန်းရဲ့ ကိုယ်သင်းနံ့ကအစ သဘောကျမိနေတယ် နောက်ဆို ဒီရင်ခွင်ထဲမှာ နေရဖို့မသေချာတော့ဘူး ဟင့်နူးနူးညံ့ညံ့တိုးဝင်လာတဲ့ ညီ့ရဲ့ခန္ဓာကိုယ်လေးကို
အသာယာဖက်ထားပေးရင်း ရှိုက်သံတစ်ချို့ထွက်နေသေးတဲ့ ညီ့ကြောင့်...." ဘာဖြစ်လို့လဲ ပြောလေညီ ကို့ကိုမှမပြောရင် ညီဘယ်သူ့ကိုပြောမလဲ နော် ဘာဖြစ်လို့လဲ ပြောမှ
ကိုတို့ အဖြေရှာလို့ရမှာလေ နော် "" ဟင့်အင်း အိမ်မက်ဆိုးမက်ပြီးလန့်နိုးမိသွားလို့ပါ ဘာမှမဖြစ်တော့ဘူး အခုသက်သာသွားပီ "
" ဘာများဖြစ်လို့လဲလို့ ကို့မှာစိုးရိမ်လိုက်ရတာကွာ ဘာတွေများမက်လို့လဲ ပြောပါအုံး "
" မင်းနဲ့ငါ ဝေးသွားတယ်လို့အိမ်မက်မက်တာ "
" ဒါဆိုရင်တော့ အိမ်မက်ကအမှန်မဖြစ်လာနိုင်ဘူး ဆောင်းတွင်းအိမ်မက် ကယောက်ကယက်တဲ့ "
" ဟုတ်လို့လား "
" ဟုတ်တာပေါ့ဗျာ
ကဲ ဒါဆို ရေလေးသောက်ပြီး ညစာစားဖို့ပြင်ကြတာပေါ့
ညီ မင်းကြိုက်တဲ့ မှိုပွင့်လေးတွေ ဆေးရုံမှာလာရောင်းလို့ ဝယ်လာတယ်
အ့တာနဲ့ ဒီည ကြော်စားရအောင် "

KAMU SEDANG MEMBACA
Reflection
Romansaလူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတွေရဲ့ အားသာချက် အားနည်းချက်ကို သဘောထားကြီးပေးနိုင်ပါ့မလား နားလည်ပေးနိုင်ပါ့မလား... ဘဝအလှည့်အပြောင်းအရရော...