Reflection Part(14)

63 3 0
                                    

" ညီ ရတုလေး ကိုယ့်ကိုပြောစရာရှိတယ်ဆို "

" ဟုတ် ကိုမြတ် "

မနေ့ညက ကိုမြတ်တိုက်အောက်မှာစောင့်နေခဲ့တာသိပင်မဲ့ ကိုမြတ်နဲ့သွားမတွေ့နိုင်ခဲ့ဘူး

" မနေ့ညက ကျွန်တော် အိပ်ပျော်သွားလို့ တောင်းပန်ပါတယ်ကိုမြတ် နော် "

" အော် ရပါတယ်ညီရယ် ကိုယ်က ရတုလေးကိုအပစ်မတင်ပါဘူး အတန်းချိန်တွေ practical တွေဆက်နေတဲ့ရတုလေးက ကိုယ့်ကိုအချိန်သက်သက်ပေးတာနဲ့တင် ကိုယ်ဝမ်းသာနေပါပီဗျာ စိတ်ထဲမထားနဲ့နော် ကိုယ့်ရတုလေး "

" ကိုမြတ်က ကျွန်တော့်ကိုဆို သိပ်နားလည်ပေးတာပဲ ကျွန်တော်အားနာမိတယ်ဗျာ "

စကားပြောရင်း ခေါင်းလေးငိုက်သွားတဲ့ရတုလေးကြောင့်...

" စိတ်ထဲအများကြီးမတွေးနဲ့လေ ရတုလေး
ကိုယ်က တစ်ကယ်ဆို ရတုရဲ့ကိုယ်ပိုင်အချိန်တွေကို နှောင့်ယှက်မိတဲ့သူပါဗျာ ကိုယ်ကရတုလေးကိုပဲ အားနာတာ "

" အ့လိုမဖြစ်ပါဘူး ကိုမြတ်ရာ ကျွန်တော့်အတွက် ကိုမြတ်က အနှောင့်အယှက်မဖြစ်ပါဘူး
ကျွန်တော့်အပေါ်အမြဲကောင်းပြီးနားလည်ပေးတဲ့ကိုမြတ်ကိုပဲ ကျွန်တော် အရမ်းကျေးဇူးတင်မိတယ် သိလား "

" ဟုတ်ကဲ့ပါဗျာ အခု ကိုယ့်ကိုပြောစရာရှိတယ်ဆိုပြီးတော့ အခုထိလဲမပြောသေးဘူး ကိုယ့်ကိုပြောစရာရှိပွင့်ပွင့်လင်းလင်းပြောနော် အားမနာနဲ့"

" ကိုမြတ် "

" ဗျာ "

" ကိုမြတ် ကျွန်တော်ပြောမှာကလေ "

" အင်း ပြောလေ "

" ကျွန်တော်နဲ့ကိုမြတ်ကိစ္စ.."

! တီ တီ တီ!

စိတ်ဝင်တစားနားထောင်နေရှာတဲ့ကိုမြတ်ကို
အဖြေပြန်ပေးဖို့ အစချီတဲ့အချိန်
အိတ်ကပ်ထဲက phရဲ့ အသံကြောင့်...
Phထုတ်ကြည့်မိတော့ ...

အော် ဘုန်း...ထားလိုက်ပါလေ
ခုချိန်မှာသူနဲ့နည်းနည်းလေးတောင်စကားမပြောချင်ဘူး

" ရတုလေး phအရေးကြီးရင်ကိုင်လေ "

" အရေးမကြီးပါဘူး ကိုမြတ် "

ReflectionDonde viven las historias. Descúbrelo ahora