Reflection Part(12)

70 3 0
                                    

" တီ တီ တီ! "

Ph alarm မြည်သံကြောင့် နိုးလာတဲ့ မြတ်

" အိပ်ရေးမဝဘူးကွာ အင့်..."

ဘေးနားမှာ အိမ်မောကျနေဆဲဖြစ်တဲ့ သီဟ

" ဟျောင့် သီဟ ထ ထကွာ ထတော့  "

" ခနလေးအိပ်အုံးမယ်ကွာ မြတ်ရာ "

" ဒီနေ့ practical ရှိတယ်ဆို မင်းပဲညကပြောတာလေ "

" အာ ဟုတ်သားပဲ ထမှဖြစ်မယ် "

ဝရုန်းသုန်းကားရေချိုးခန်းထဲပြေးဝင်သွားတဲ့သီဟကြောင့် အခန်းမအားသေးတာနဲ့ ထမင်းစားခန်းဘက်ထွက်အလာ...

ဧည့်ခန်းကဆိုဖာပေါ်မှာ အိပ်ပျော်နေဆဲဖြစ်တဲ့ရတု

" ဟင် ရတု ဘာလို့ဒီမှာလာအိပ်နေတာလဲ

ရတု "

ရတုကိုနှိုးလိုက်တော့မှ...

" ဟင် မိုးလင်းသွားတာလား မြတ် "

" အေး မင်းတစ်ညလုံးဒီမှာအိပ်နေတာလား
ဘာလို့အခန်းထဲမအိပ်တာလဲ "

" ညက ဘုန်းကိုစောင့်နေရင်း အိပ်ပျော်သွားတာ"

" ဟမ် ဒါဆို ဘုန်းကြီး က ညကပြန်မလာဘူးလား"

" အင်း ထင်တာပဲ "

" ဟာကွာ အိမ်ပြန်သွားတာလား "

" အိမ်တော့ပြန်မယ်မပြောပါဘူး "

" ရတု မင်းအခန်းထဲ သွားအိပ်သွား ဒီနေ့အတန်းရှိလား "

" မနက်ပိုင်းမရှိဘူး "

" အခန်းထဲသွားအိပ်အုံးသွား ငါဘုန်းကြီးကိုphဆက်လိုက်မယ် "

" ရတယ် ငါအိပ်ရေးဝနေပါပီ ငါပဲphခေါ်ကြည့်လိုက်မယ် "

Ph contact က ဘုန်းကို နှိပ်လိုက်ရင်း...
ဝင်နေတဲ့ အဝင်callကြောင့် စောင့်နေမိတော့

" Hello "

" ဟမ် ဒါ ဘုန်းရဲ့ phမဟုတ်ဘူးလား "

မိန်းကလေးတစ်ယောက်ရဲ့phဖြေသံကြောင့်..
ကိုယ်များ noမှားနှိပ်မိလားဆိုတာ သေချာပြန်ကြည့်တော့လဲ မမှားပါဘူး

" ကိုကိုက ရေချိုးနေတယ် "

" ဗျာ "

ဒါ ဒါ ဘုန်း ဘုန်းကို ကိုကိုလို့ဆိုလိုလိုက်တာမလား

ReflectionWhere stories live. Discover now