Reflection Part(7)

80 4 0
                                    

ဆေးလိပ်တစ်လိပ်ကိုဖွာရင်း...စိတ်မကြည်လင်မှုတွေကို မီးခိုးငွေ့တွေနဲ့အားပါးတရ မှုတ်ထုတ်မိတယ် ...

မြစ်ဆိပ်လဲဖြစ် တံတားအောက်နားလဲဖြစ်တော့..
လူသူသိပ်မရှိ...
ဒီလိုတိတ်ဆိတ်တဲ့နေရာတွေကို နှစ်ခြိုက်တယ်..
ညနေခင်းနေဝင်ချိန် ရေစီးကသန် လေကထန် တော့...လွင့်မျောနေတဲ့ ဆံပင်ရှည်တွေကို စုစည်းမိရင်း...
သောက်လက်စ ဆေးလိပ်ကို ခြေထောက်နဲ့ဖိချလိုက်တယ်...

သွားတိုက်တံနဲ့သွားတိုက်ဆေးအသင့်အမြဲဆောင်လာပြီး ရေသံဗူးနဲ့ ဆေးလိပ်နံ့ပျောက်စေဖို့ သွားတိုက်လိုက်ရတယ်...
အသင့်ဆောင်လာတဲ့ ခံတွင်းဖျန်းဆေးဗူးကို တစ်ခါတည်း ဖျန်းလိုက်ပြီး ရပ်ထားတဲ့ဆိုင်ကယ်ကိုမောင်းပြီးထွက်လာလိုက်တယ်...

ဉီးတည်ရာကတော့...
ကောင်မလေးတစ်ယောက်ရဲ့အသွင်အပြင်တွေကိုငေးကြည့်ခွင့်ရတဲ့နေရာလေးကိုပေါ့...

" တီ တီ တီ!  "

အဟမ်း!!

အသံကိုတတ်နိုင်သမျှပျော့ပြောင်းထားလိုက်ပြီး

" Hello "

" ကျော်ကြီး ဘယ်ရောက်နေလဲ "

" နင်ကလဲဟယ် ငါအမေခိုင်းလို့ အပြင်ရောက်နေတာပါ ဘာလို့လဲ "

" အေး ငါတို့အိမ်တက်လုပ်တာလေ
နင့်ကို လှမ်းခေါ်တာ မနက်ကျ တိုက်ခန်းဘက်လာခဲ့ ကြားလား "

" ဟုတ်လှချီလား ဘုန်းမြတ်ဇော်
ရတုညီနဲ့ရော နင်ပြန်တည့်ပီလား "

" ဟာ အသေးအဖွဲတွေ ခေါင်းထဲမထည့်ဘူး
နင်မနက်လာခဲ့ စကားတွေရှည်မနေနဲ့ စန္ဒီကျော်
ဒါပဲ ငါphချပီ "

အ့တာ ဘုန်းမြတ်ဇော်ပါပဲ
ဘယ်သူ့ကိုမှစိတ်မရှည်သလို သူ့ခံစားချက်တွေကိုအမြဲခန့်မှန်းရခက်ခဲတဲ့သူမျိုးပေါ့...

သူနဲ့အရင်းနှီးဆုံး ရတုညီတောင် သူ့ကိုခန့်မှန်းရမလွယ်ဘူး...

ဘုန်းမြတ်ဇော်ကိုသာပြောတာ
မျက်နှာ၂မျိုးနဲ့နေနေရတဲ့ ကိုယ့်ကိုကိုယ်လဲ ဟင်း..
ကိုယ့်ကိုကိုယ် ယောကျ်ားလေးတစ်ယောက်လိုခံယူလိုက်ပြီး အားနည်းတဲ့မိန်းကလေးတစ်ယောက်အသွင်ကနေ သန်မာတဲ့မိန်းကလေးတစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့တယ်

ReflectionTempat cerita menjadi hidup. Temukan sekarang