ကျောင်းပိတ်ရက်မလို့ စိတ်ပြေလက်ပျောက်စက်ဘီးစီးချင်တာနဲ့ မေမေဝယ်ပေးထားတဲ့
Batteryစက်ဘီးလေးကို ဒီအတိုင်းနင်းလာခဲ့တယ်...ခါတိုင်းရက်ဆိုရင် ဘုန်းက ပေးမစီးဘူး...
သူ့စက်ဘီးနောက်ကမလိုက်ရင် စိတ်ဆိုးရော..
ဒီနေ့တော့ ကျူရှင်လဲ အချိန်နည်းတာနဲ့ ညနေဘက် ကိုယ်လက်လှုပ်ရှားမှုလေးဖြစ်အောင်..
မေမေ့ခွင့်ပြုချက်နဲ့ ကမ်းနားဘက်ကို စက်ဘီးပတ်စီးတာပဲ...ဖြေးဖြေးနင်းနော် ဆိုတဲ့ မေမေ့ရဲ့သတိပေးစကားကြောင့် အသာအယာပဲ နင်းနေမိတယ်...
ကမ်းနားဘက်က ညနေဘက်ဆိုရင် နေဝင်ချိန်တိမ်တောက်တာ အရမ်းလှတာ...
အကင်ဆိုင်လေးတွေလဲ တန်းစီနေတော့...
စက်ဘီးစီးနေရင်း အနံ့မွှေးမွှေးလေးက နှာခေါင်းထဲတိုးလာတယ်ဒါနဲ့ပဲ အိတ်ကပ်ထဲက တစ်ထောင်တန်လေးကိုထုတ်ပြီး ကြက်ကင်ဝယ်မိတယ်...
အိမ်ရောက်မှ မေမေ့ကိုဉီးချပြီးစားမယ်...
စက်ဘီးခြင်းလေးထဲ အသေအချာနှစ်ထပ်ထုတ်ပေးလိုက်တဲ့ အကင်ထုတ်လေးကိုထည့်ထားမိရင်း...
ကမ်းနားက ခုံတန်းလျားလေးမှာ ခနထိုင်ကြည့်မိတယ်
မြစ်ဆိပ်ဆိုတော့ လှေတွေ သဘော်တွေကို တွေ့ရတယ်
နေဝင်တဲ့အချိန်ဖြစ်လို့ တစ်ချို့သဘော်တွေဆိုရင် ဆိပ်ကမ်းကို " ဘူ...ဘူး " ဆိုတဲ့စက်သံနဲ့အတူ ကပ်လာခဲ့ပီ...ဟီး အခုလို သဘာဝလေကိုဝဝရှုရိုက်မိရင်း...
နေဝင်တဲ့အလှနဲ့သဘာဝကိုခံစားရတာ ကြိုက်တယ်...
တကယ်တော့ ပန်းချီဆွဲချင်တာ...
မေမေက ဆယ်တန်းပြီးမှ ပန်းချီသင်တန်းကိုထားပေးမယ် အ့ဒီတော့မှ ပန်းချီဘက်ကိုအာရုံစိုက်ပါလို့ ပြောထားတယ်...
စာနဲ့တစ်ဖက်ဆိုတော့ မေမေက စာပိုင်းမှာအားနည်းမှာစိုးရိမ်တယ်နဲ့တူပါတယ်...နောက်ဆုံးအကြိမ် သဘာဝလေကောင်းလေသန့်ကိုတစ်ဝကြီး ရှုရှိုက်လိုက်ပြီး...
ကြာနေရင် မေမေစိုးရိမ်မှာကြောင့် စက်ဘီးလေးကို မနင်းတော့ပဲ battery ဖွင့်ပြီးမြန်မြန်လေးအိမ်ပြန်လာခဲ့တယ်
ရိုးရိုးစက်ဘီးနင်းရင် မိနစ်၂၀လောက်နင်းရတာမလို့ စက်နဲ့ဆိုတော့ ၁၀မိနစ်ကျော်ကျော်လောက်ဆိုအိမ်ပြန်ရောက်တယ်လေ...

BẠN ĐANG ĐỌC
Reflection
Lãng mạnလူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတွေရဲ့ အားသာချက် အားနည်းချက်ကို သဘောထားကြီးပေးနိုင်ပါ့မလား နားလည်ပေးနိုင်ပါ့မလား... ဘဝအလှည့်အပြောင်းအရရော...