Reflection Part(18)

71 2 0
                                    

အလွန်ပင်လေးလံနေသော ခန္ဓာကိုယ်...
ကမ္ဘာပေါ်မှာ အလေးဆုံးက မျက်ခွံ ဆိုသလို
အားယူဖွင့်နေပါသော်လဲ မရ...

" ဟင်း ငါအိပ်ယာထမှဖြစ်မယ်
ဒီနေ့ presentation ရှိတယ်လေ ထ ထ "

ကိုယ့်ကိုကိုယ် ပြန်နှိုးနေမိတဲ့သကာလ...
လူကသာ ကုတင်အောက်ခြေအဆုံချလိုက်ပင်မဲ့
ပွင့်မလာသေးတဲ့ မျက်လုံးတွေ...

" ဟင့် အိပ်ချင်သေးတယ်လို့ "

အခန်းထဲဝင်လာလိုက်တာနဲ့...
ကုတင်အောက်ကို​ခြေတွဲလွဲချ...
မျက်လုံးပွင့်မလာသေးတဲ့ ညီ...

မျက်နှာလေးမဲ့ကာ ပွစိပွစိ ဘာတွေရွတ်နေတယ်မသိ...

အိပ်မှုန်စုံမွှားလေးနဲ့ ဆံပင်တွေကြားထဲ လက်ထည့်ကာ နှုတ်ခမ်းလေးဆူနေတဲ့အခါ...

ကိုယ့်မှာ အသည်းတယားယား...

" ညီ " ဆိုးပြီး ပွေ့ချီမိတော...

" အမလေး ပလုတ်တုပ်! အိုရ် "

" ကဲ ပြောပါအုံး မျက်လုံးကြီးမှိတ်ပြီး ဘာတွေရေရွတ်နေတာလဲ "

ရုတ်တရပ်ချီလာတဲ့ ဘုန်းကြောင့် အနည်းငယ်လန့်သွားကာ

" Presentation လေ ဒီနေ့ ဌာနတွေကလဲ လာနားထောင်ကြမှာတဲ့ ငါကြောက်တယ် ဘုန်း
ငါ့ကို အများကြီး complaints လာရင် ဘယ်လိုလုပ်မလဲ "

" အော် အေးဆေးပေါ့ ညီ မင်းလုပ်နိုင်မှာပါ
ဘာမှမစိုးရိမ်နဲ့ ညီ မင်းလေးက တော်ပီးသားပါ "

" ဟာ ခုတစ်ခေါက်က အရင်ကလို minor caseလေးတွေမဟုတ်ဘူး
ငါတင်ထားတဲ့ case က Diabetes mellitus လေ ပါမောက္ခကလဲ DM သမားလေ ငါ့ကိုရစ်မှာပေါ့ ဟင့်အင်း ကျောင်းမသွားရင်ကောင်းမလားဟင် ဘုန်း "

" Anxiety level လေး လျှော့ပါအုံး
ညီ မင်းက student လေ AS အဆင့်တောင်ဖြစ်သေးတာမဟုတ်ဘူး needsတွေကတော့ ရှိမှာပဲလေ သူတို့ပြောလဲ တစ်ဖက်နားဝင် တစ်ဖက်နားထွက် ဟုတ်ပီလား ကိုယ်လဲ မင်းနားမှာရှိနေမှာပဲလေ "

" ဟင့်အင်း ဘာပဲဖြစ်ဖြစ် ကြောက်တယ် "

" ကဲ ကိုယ့်အလှလေး မကြောက်ပါနဲ့ ရေချိုးတော့ ရေနွေးစပ်ပေးထားတယ် သွားတော့ နော် "

ReflectionWhere stories live. Discover now