ကိုမြတ်သူရ နဲ့စကားပြောကြည့်တော့..
သူလဲပဲ မြတ်နိုးသူရဲ့ အကိုလို့မပြောရဘူး..
တကယ့်ကို စကားပြောတတ်သူ...သူပြောပြလို့ သူ့အသက်က ၂၀ဆိုတာ သိရပြီး
ကိုယ်တွေထက်၄နှစ်ပဲကြီးတဲ့ အကိုတစ်ယောက်..သူဆယ်တန်းဖြေခဲ့တုန်းကလဲ all D ထွက်ခဲ့တာမလို့...သူဟာ တော်တဲ့သူတစ်ယောက်လို့ သိရတာထက် အသက်၂၀အရွယ်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်နိုင်နေတဲ့ သူဆိုတော့ တကယ့်ကိုအထင်ကြီးမိတယ်
ကျောင်းတစ်ဖက်နဲ့ အပြင်စီးပွားရေးအပေါ် အာရုံထားလုပ်နိုင်တာကလဲ သူဟာ background တောင့်တဲ့သူလဲဖြစ် သူကိုယ်တိုင်ကလဲ ဒီအလုပ်ကို တကယ်ဝါသနာပါတယ်လို့သူပြောလာတာမလို့ စိတ်ထဲမှာချီးကျူးမိပါတယ်တစ်ချို့ဘဝတွေက အတိတ်ဘဝက အကျိုးပေးကောင်းခဲ့လို့ထင်တယ်
ဉစ္စာပေါ ရုပ်ချော အင်း လူကပါတော် တော့အရာရာပြည့်စုံနေတဲ့ဘဝ
အားကျမိတယ်ဆိုတာ ဝန်ခံပင်မဲ့
သူတို့လိုမချမ်းသာတဲ့
ကိုယ့်ဘဝကိုယ် မကျေမနပ်အားမလိုအားမရဖြစ်နေတာမျိုးမရှိပါဘူး....
ကိုယ်ကြိုးစားရင်အရာရာဖြစ်လာနိုင်တာမလို့...
ကိုယ့်ထက်သာတဲ့သူတွေကိုတွေ့မိတိုင်း...
ကြိုးစားချင်စိတ်ကို ပိုပြီးအရှိန်တင်မိတယ်ထက်မြက်တဲ့သူတွေနဲ့ ခင်ခွင့်သိခွင့်ရတာ တကယ်ဝမ်းသာပါတယ်..
" ညီ...
ညီ... "" အမ်...ဟမ် ပြောလေ ဘုန်း "
အခါခါခေါ်နေလဲ မကြားတဲ့ ညီတစ်ယောက်ကို
ပုခုံးကိုပုတ်ပြီး ခေါ်လိုက်မှ လှည့်ကြည့်လာတယ်" မင်းမနေ့က ဘယ်သူတွေနဲ့ စကားပြောနေတာလဲ ငါမင်းကိုခေါ်ဖို့ ဆိုင်ထဲ ဝင်လာတော့လေ
မင်းကိုစကားပြောပြီး ထသွားတာ "" အော် ငါ့သူငယ်ချင်းပါ မနှစ်ကတည်းက ခင်တာ "
" ဟမ် မနှစ်ကတည်းက ငါတောင်မသိပါလား "
" အင်း သူတို့မောင်နှမနှစ်ယောက်က
ကောင်မလေးက ငါနဲ့အရင်သိတာ...
သူ့အကိုနဲ့က မနေ့ကမှ မြင်ဖူးတာ "" အမယ် မင်းကွာ ကောင်မလေးနဲ့သိတာကျ လျှိုထားတယ်ပေါ့ ငါနဲ့မိတ်ဆက်ပေးလေကွာ "

KAMU SEDANG MEMBACA
Reflection
Romansaလူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတွေရဲ့ အားသာချက် အားနည်းချက်ကို သဘောထားကြီးပေးနိုင်ပါ့မလား နားလည်ပေးနိုင်ပါ့မလား... ဘဝအလှည့်အပြောင်းအရရော...