အဝေးပြေးလမ်းမပေါ်မှာ အရှိန်ပြင်းပြင်းမောင်းနှင်နေတဲ့ကားတစ်စီး...
လိုရာခရီးကိုရောက်ဖို့ ဆန္ဒတွေဘယ်လောက်စောနေပါလိမ့်....ကားစီရာတိုင်ပေါ်က သွေးကြောတွေထင်းထွက်နေတဲ့အထိ ကျစ်ကျစ်ပါအောင် ကိုင်ပြီး မောင်းနေတဲ့သူ...
ဘယ်လောက်တောင် စိတ်အားထက်သန်နေပါ့လိမ့်...ဘေးတစ်ဖက်ခုံမှာလဲ မျက်လုံးစုံမှိတ်ပြီး စိတ်တည်ငြိမ်အောင်ကြိုးစားနေတဲ့သူတစ်ဉီး...
မဖြစ်တော့ဘူး...ဒီလိုရှေ့ဆက်သွားရင် မင်းရောငါရော နာကျင်ရမှာ...
ဒီတော့ ငါတို့ ခရီးမလွန်ခင် အဆုံးသတ်လိုက်ရအောင်..." ဘုန်း မင်းစိတ်လျှော့ အခုလိုတွေ တဇွတ်ထိုးနိုင်နေရင် မဖြစ်ဘူး "
" မင်းဘာစကားမှပြောဖို့မစဉ်းစားနဲ့
ခုချိန်မှာ ငါဘာမှမကြားချင်ဘူး "" ဘုန်း မင်းအခုဘယ်ကိုမောင်းနေတာလဲ "
" ဟင်း ငါတို့နှစ်ယောက်ကို ဘယ်သူမှမနှောင့်ယှက်ရအောင် မာမီ့ကိုပြောပြမလို့ "
" ဟင် ဟင့်အင်း ဟင့်အင်း နေ နေပါအုံး ဘုန်း
လူကြီးတွေဆွဲမထည့်ပါနဲ့အုံး "" ဘာလဲ မင်းကိုက သူများနောက်ပါချင်နေတာလား ညီ "
" မင်းငါ့ကိုကြိုက်သလောက်ပြော ကြိုက်သလိုစိတ်ဆိုး မင်းငါ့ကိုပဲ ရန်လုပ် ဒါပင်မဲ့ လူကြီးတွေက အားတာမဟုတ်ဘူးလေ ပီးတော့ ငါတို့ဆက်ဆံရေးက သာမန်အတွဲတွေလိုမဟုတ်ဘူး"
" မာမီ့ကို ငါပြောပြထားပီးသား ညီ
မင်းအထွန့်မတက်နဲ့ မင်းကိုငါကလွဲရင် ဘယ်သူမှမပိုင်စေရဘူး မင်းကငါ့အပိုင် "အော် ဒါကြောင့် ငါ့ကို အခေါ်တော်လွှတ်တာကိုး
မင်းထင်သလို တစ်ချို့ကိစ္စတွေက လွယ်ကူမနေဘူး ဘုန်း
မင်းဆက်ပြီး ထင်တိုင်းကြဲလို့မရဘူး ဘုန်း
မင်းဆက်ပြီး ရှေ့ဆက်တိုးနေရင်တော့ ငါမင်းမာမီပြောသလို ဟန်ဆောင်ရတော့မှာပဲ...ဟူး
ငါ့ရင်တွေလဲ ကွဲရပါတယ်ကွာ...
ကျွန်တော်က ကျွန်တော်လို gay တစ်ယောက်ကရော အချစ်ခံရဖို့မထိုက်တန်ဘူးလားဗျာ...

YOU ARE READING
Reflection
Romanceလူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတွေရဲ့ အားသာချက် အားနည်းချက်ကို သဘောထားကြီးပေးနိုင်ပါ့မလား နားလည်ပေးနိုင်ပါ့မလား... ဘဝအလှည့်အပြောင်းအရရော...