Reflection Part(27)

47 3 0
                                    

" Happy Birthday ညီ "

" အယ် ဒီနေ့ ၂၈ ဟုတ်သားပဲ Dec 28 "

" မေ့နေမယ်ဆိုတာသိလို့ မနက်တည်းကသတိမပေးတာ dutyလဲရှိနေတာနဲ့ ကိုယ်ဘာမှမပြောတာ "

" အင်းပါ မေမေလဲphမဆက်ဖြစ်ဘူး
မေမေကတော့ ဒီနေ့ ငါ့အတွက် မွေးနေ့ဆွမ်းကပ်ပီးလောက်ပီ "

" အင်း ကိုယ်ကတော့ birthday present အနေနဲ့ ညီနဲ့အမြဲအတူရှိနေနိုင်မဲ့ လက်ပတ်နာရီလေး လက်ဆောင်ပေးမယ်ကွာ လာ လက်ပေး "

" ဟယ် နေပါအုံး လက်ဆောင်ပေးတာကိုပျော်ပင်မဲ့ ဟို ဟိုစျေးအရမ်းကြီးလား "

" မကြီးပါဘူး စျေးနှုန်းထက် ကိုယ့်မေတ္တာတွေပြည့်နေတာ ဟုတ်ပီလား "

ဘုန်းက သိပ်ယုံရတာမဟုတ်ဘူး သူအရင်တစ်ခါဝယ်ပေးတဲ့အကျီကို စျေးမသိပဲ ဝတ်မိလိုက်တာ
ကျောင်းမှာ Brand ဝတ်နိုင်တယ်ဆိုပြီး နာမည်ကြီးရော  ကိုယ်ကပဲ ကိုယ်က သူ့နားနေပြီး ခြူ ခြူစားတယ်လို့ထင်ကြရော

" ပြော စျေး ဘယ်လောက်လဲ ဘုန်း "

" အော် ညီရာ ကိုယ်တို့မနက်ကမှ field ဆင်းပြီးပြန်လာတာ ဒီရွာကနေ စျေးဝယ်သွားတဲ့ bro တစ်ယောက်ကိုပုံပြပြီးမှာလိုက်တာ မြို့ပေါ်ထိဘယ်သွားဝယ်နိုင်မလဲစျေးမကြီးဘူး စိတ်ချ "

အော် တစ်ခါတစ်ခါ ညီက ကိုယ်ပေးတဲ့ပစ္စည်းတွေကို တန်ဖိုးအရမ်းမေးတာ
ကိုယ်ပေးတဲ့မေတ္တာတွေကရော အ့ထက်တန်ဖိုးမကြီးနိုင်ဘူးလား

" အင်းပါ ဘုန်း ငါ့ကိုစျေးကြီးတဲ့အရာတွေမပေးနဲ့နော် ကဲ.. ဒါဆို ပေးအမြဲပတ်ထားမယ်နော် ချစ်တယ် ဘုန်း "

ကိုယ်ကအနည်းငယ်မျက်နှာတည်ပြပြီးလိုက်မှ
လက်ခံလိုက်ပြီး ပြုံးပြလာတယ်

" နောက်ဆို ကိုယ်ပေးတဲ့ပစ္စည်း တန်ဖိုးမဖြတ်နဲ့
ကိုယ့်မေတ္တာတွေက အ့ဒီအရာတွေအတွက်တန်ဖိုးကြီးတယ်ဆိုတာ သိထား "

" အင်းပါ ဘူန်းရယ် ငါက မင်းဆီက ဘာမှမမက်မောပါဘူး မင်းပေးတဲ့မေတ္တာတွေကိုပဲမက်မောတာမလို့ အများကြီး တန်ဖိုးထားမှာပါ "

" ကဲ ဒါဆို Happy 23 ညီ
ဒီနှစ်တော့ ကိတ်မဝယ်ဖြစ်လိုက်တာမလို့ စိတ်တော့မဆိုးနဲ့နော် ညီ "

ReflectionOù les histoires vivent. Découvrez maintenant