ကျောင်းဝန်းအတွင်း ဘွဲ့ဝတ်ဆုံကိုယ်စီဖြင့်...
ဓာတ်ပုံတဖျက်ဖျက်ရိုက်တဲ့သူတွေကတစ်ဖွဲ့
သူငယ်ချင်းအပေါင်းအသင်းတွေဝိုင်းဖွဲ့စကားပြောနေကြတဲ့သူတွေကတစ်ဖွဲ့
မိဘ ညီအကိုမောင်နှမတွေနဲ့ ဂုဏ်ပြုစကားအချင်းချင်းပြောနေကြတဲ့သူတွေကတစ်ဖွဲ့
အနာဂတ်plan အရှည်ကြီးတွေရှိကြောင်းအချင်းချင်းထုတ်ကြွားနေကြတဲ့သူတွေကတစ်ဖွဲ့
ဘွဲ့ရပြီး လင်ထိပ်ထားစံ မယားထိပ်ထားစံ လုပ်ပြီး အိမ်ထောင်ပြုကြတော့မဲ့အကြောင်း ကပ်တိုးလေးကြွားနေကြတဲ့သူတွေကတစ်ဖွဲ့
ဘယ်နိုင်ငံမှာ ဘယ်လိုပညာတွေထပ်ပြီးလေ့လာအုံးမှာဆိုပြီး Hyper တန်းအုပ်စုကသက်သက်တစ်ဖွဲ့
ကျောင်းရဲ့ဆရာ ဆရာမတွေရဲ့ အမြဲအချစ်ခံ
ဖားလျားတတ်သူတွေနဲ့ ဆရာ ဆရာမတွေရဲ့ ဆိုဆုံးမစကားတွေကို နားထောင်ချင်ယောင်ဆောင်နေကြတဲ့သူတွေကတစ်ဖွဲ့ကျောင်းရဲ့ နာမည်ကြီး ဗရုတ်ကြတဲ့အုပ်စုကလဲ
ဘွဲ့ဝတ်ဆုံဖရိုဖရဲနဲ့ vape ထိုင်သောက်နေကြတဲ့သူတွေကတစ်ဖွဲ့အလှအပအပြင်အဆင်အဝတ်အစားတွေ ယှဉ်ပြီး
သူပိုလှတယ် ငါပိုဝတ်နိုင်တဲ့ဆိုတဲ့ J ဝင်နေတဲ့သူတွေအချင်းချင်းကတစ်ဖွဲ့ဘယ်မှမပါ မဖားတတ် မပြင်တတ်မဆင်တတ်
စကားမများတတ်ကြတဲ့ လူအေးတွေက တစ်ဖွဲ့နောက်ဆုံး Background တောင့်တဲ့မိသားစုကဆင်းသက်လာတဲ့ မီလီလျံနာ သားသမီးများကတစ်ဖွဲ့
" ငါကရော ဘယ်လိုလူထဲပါနေလဲ
သေချာတာကတော့ ဒီအခမ်းအနားသာပီးရင်
မပျော်တော့မဲ့သူက ငါ ငါပေါ့
ဖြစ်နိုင်ရင် အချိန်တွေရပ်တန့်လို့ရရင်ကောင်းမယ်ဘုန်း မင်းငါ့ကိုမုန်းမသွားပါနဲ့နော် "
ဒေါ်ဒေါ်ခင်က ဒီနေ့မနက်phဆက်လာတယ်
အကြောင်းအရင်းကတော့...ဘုန်းက ဖိတ်ခိုင်းလို့ဆိူပြီး မနက်ဖန်ညနေ ဖေဖေနဲ့မေမေကိုပါ
ညစာအတူစားရအောင်ဖိတ်မယ်တဲ့...
သားတစ်ယောက်ရဲ့ ခြေလှမ်းကိုသိနေတဲ့ ဒေါ်ဒေါ်ခင်အနေနဲ့ ဘုန်းနဲ့ကိုယ့်ရဲ့ဆက်ဆံရေးအကြောင်းကိုဖွင့်ပြောလာတော့မယ်ဆိုတာသိတဲ့အတွက်

CZYTASZ
Reflection
Romansလူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတွေရဲ့ အားသာချက် အားနည်းချက်ကို သဘောထားကြီးပေးနိုင်ပါ့မလား နားလည်ပေးနိုင်ပါ့မလား... ဘဝအလှည့်အပြောင်းအရရော...