Reflection Part(11)

80 5 0
                                    

ကျောင်းသွားဖို့အရေး ဝရံတာဘက်တမျှော်မျှော်ဖြစ်နေတဲ့ ညီ...

" ညီ သွားမယ် "

ဘုန်းရဲ့ခေါ်သံကိုကြားတာကြောင့်

" အမ် အင်း အင်း "

" ဘာတွေလုပ်နေတာလဲ ညီ မင်းသွားဖို့အရေး "

" မဟုတ်ပါဘူး ဟို ဟို ကိုမြတ်က ကိုမြတ်လာခေါ်မယ်ပြောလို့ "

" မင်းစောစောကပြောလေ ညီ
ငါသွားနှင့်မှာပေါ့ကွ "

" ဘုန်း မင်းရေချိုးခန်းတန်းဝင်သွားတော့ ငါမပြောမိ "

" အချိန်ကုန်တယ် အခုမင်းမလိုက်ဘူးမလား ညီ "

" ငါ့ကိုစိတ်မဆိုးနဲ့နော် ဘုန်း "

" မင်းကို ဘာကိစ္စစိတ်ဆိုးရမှာလဲ မင်းလဲမင်းအနေအထားရှိနေတာပဲ "

" ဟင်... ဘုန်း ဘာကိုပြော "

" ဟာကွာ မင်းမှာလဲ မင်းအစီအစဉ်နဲ့မင်းရှိမှာပေါ့လို့ပြောတာ "

" ကိုမြတ်ကို အားနာလို့ပါ "

" ဟင်း မင်းငါ့ကိုတော့အားမနာတတ်ဘူးမလား"

" ဘုန်း ' တီ တီ တီ ' "

ဘုန်းနဲ့စကားပြောရင်း phဝင်လာတဲ့အခါ...

" မင်းဘာသာစောင့်နေခဲ့တော့ ငါသွားပီ "

ဘုန်းကပြောလဲပြော ထွက်သွားတာမလို့...
မြည်နေတဲ့phကို ကိုင်မိရင်း

" အင်း ကိုမြတ် "

" ဟုတ် ကိုမြတ် ရပါတယ် ရပါတယ် "

" ရပါတယ် ကိုမြတ် ညနေကျ ဘုန်းတို့နဲ့ပဲပြန်လိုက်ပါတော့မယ် "

ကိုမြတ်ကလဲ သူ့အဘွားခိုင်းထားတဲ့ကိစ္စတွေရှိတာကြောင့် မလာနိုင်ကြောင်းလှမ်းပြောလာတယ်

အင်း busပဲ စီးတော့မယ်
Bus မှတ်တိုင်ထိ နည်းနည်းလမ်းလျှောက်ရမှာမလို့ ခက်သွက်သွက်ခြေလှမ်းတွေနဲ့ တနေ့တာကိုစတင်ခဲ့တယ်

Bus ကားစီးနေကျမဟုတ်တော့ ကားပေါ်မှာလူတွေအများကြီး တိုးလျှိုးလာတဲ့အခါ စိတ်အိုက်ပြီး ကားပေါ်ကပြန်ဆင်းမိတယ်

" ဟူး လူတွေကလဲ များလိုက်တာ အသက်ရှုကြပ်နေပီ "

နားထင်ပေါ်က ချွေးစက်တွေကို လက်နဲ့ပွတ်သုတ်မိလိုက်ရင်း မျက်မှန်ကိုင်းကို ချွတ်မိလိုက်တော့
လူတစ်ယောက်ရဲ့ဝင်တိုက်တဲ့အရှိန်ကြောင့်..

ReflectionWhere stories live. Discover now