Reflection Part(30)

93 1 0
                                    

ငါသွားတော့မယ်နော် ဘုန်း...
လူကိုယ်တိုင်မနှုတ်ဆက်နိုင်တာ ငါ့ကိုခွင့်လွှတ်ပေးပါ...

ငါတို့တစ်နေ့ပြန်ဆုံမယ်လို့ ယုံကြည်တယ်နော်...

" ရတု မင်း ကိုယ့်ကိုကိုယ် ဂရုစိုက်နော်
တစ်ခုခုကို ငါ့ကို စာပို့ ကြားလား "

" အေးပါ မြတ်ရာ မင်းလဲ ပြန်တော့လေ
တော်ကြာ မင်းအကြာကြီးပျောက်နေရင် သူတို့မေးနေလိမ့်မယ် "

" သူတို့အခုချိန်ဆို ဆုံနေလောက်ပီ ငါအမြန်သွားတော့မယ် နော် ရတု မင်းတစ်ခုခုဆို ပြောနော် "

" အင်းပါ "

မြတ် taxi ပေါ်တက်ပြီး မျက်စိရှေ့ကပျောက်သွားတဲ့အချိန်မှ လေဆိပ်ထဲ ဝင်လာခဲ့လိုက်တယ်

ဒီအချိန်ဆို ဘုန်းရဲ့ အိမ်မှာ သူငယ်ချင်းတွေလူဆုံနေလောက်ပီ
ဖေဖေမေမေတို့ကို ညစာစားဖို့ဖိတ်ထားပင်မဲ့
သားမရှိတဲ့ ဂုဏ်ပြုပွဲကို ဖေဖေတို့ သွားဖို့မလိုတော့ဘူးဆိုတဲ့ စကားကြောင့် ဖေဖေတို့ သဘောဆိုပြီး ကန်တော့နှုတ်ဆက်ပြီး ထွက်လာခဲ့လိုက်တာပဲ

ဒေါ်ဒေါ်ခင်ကို phဆက်ပြီး အမြန်ဆုံး စီစဉ်ပေးလို့ရပါတယ်လို့ ပြောလိုက်မိတာ...

ဟင့် ညစာအတူတူစားကြမဲ့ ညကိုတောင် မစောင့်
သွားရမဲ့နိုင်ငံနဲ့ လေယာဉ်လက်မှတ်ကို ချက်ချင်းစီစဉ်ပေးနိုင်တဲ့အထိ power များလိုက်တာ...

Passport နဲ့ visa ကို ကျစ်ကျစ်ပါအောင် ကိုင်ဆုပ်ထားမိပြီး Australia ဆိုတဲ့ နိုင်ငံကို ခြေဆန့်ခဲ့မိပီပေါ့....

............................................

" ဟေး မြတ် မင်းဘယ်တွေသွားနေတာလဲ "

ဘုန်းတို့အိမ်ထဲ ဝင်ဝင်ချင်း သီဟရဲ့အမေးစကားကြောင့်...

" အမ် ဘယ်မှမသွားပါဘူး ဟို ဟိုခန လမ်းလျှောက်..."

ကြံရာမရဖြစ်နေချိန်...

" ဟေ့ မြတ် ညီ ရော "

အနားထပ်ရောက်လာတဲ့ ဘုန်းရဲ့အမေးစကားကြောင့်...

" မသိ မသိဘူးလေ ငါ ငါမသိ "

" မြတ် ငါနဲ့ခနလိုက်ခဲ့ "

သီဟရဲ့ဆွဲခေါ်မှုကြောင့် ဘုန်းတို့ခြံဝန်းကြီးထဲမှာရှိတဲ့ ရေကူးကန်နားရောက်လာခဲ့တယ်

ReflectionWhere stories live. Discover now