! ဟက်ချိုး....
ဟက်ချိုး!ညီတစ်ယောက် မိုးချုပ်မှပြန်လာပြီး ရေချိုးခေါင်းလျှော်မှတော့ ဖျားတော့မှာ မြင်ယောင်နေပီ
မိုးကလဲမိလာသေး...ဒီကောင်လဲ အားနာတတ်နဲ့စိတ်နဲ့မလွယ်ဘူး...
" ဟျောင့် ညီ မင်းဆေးမသောက်ဘူးလား "
" သောက်ထားတယ် "
အသံက နှာသံပါနေပြီး လှည့်ကြည့်မိတော့...
မျက်နှာဖွေးဖွေးပေါ်က နှာခေါင်းက နီနေလေရဲ့..." အေး မင်းစောစော အိပ်လိုက်တော့...
ငါ ဘောလုံးပွဲ ကြည့်ပြီးမှ ဝင်လာအိပ်မယ် "ဘုန်းတို့က ဧည့်ခန်းမှာ ဘောလုံးပွဲကြည့်ဖို့ ပြင်ဆင်နေလေရဲ့..
ကိုယ်လဲနောက်ကျမှပြန်ရောက်လာတာမလို့...
ဘုန်းမျက်နှာကိုအကဲခတ်မိတော့...သာမန်ပါပဲ...ဘုန်းက တခြားသူကိုဂရုစိုက်တယ်ဆိုတာ ရှိမှမရှိတာ..ဟင်း
ဒါပင်မဲ့လည်း ကိုယ်ဝယ်လာတဲ့ ပန်းသီးတွေကို
စားစေချင်သေးရဲ့ ဆိုတဲ့စိတ်နဲ့....သူတို့စားဖို့ ပန်းသီးခွဲလိုက်တယ်...
" အ့ "
" ရတုညီ! ဘာဖြစ်တာလဲ "
Sofaပေါ်ကနေ အိပ်နေရင်းက ခေါင်းထောင်ကြည့်လာတဲ့ မြင့်မြတ်...
" ဘာမှမဖြစ်ပါဘူး နည်းနည်းရှသွားတာ "
" မင်းအိပ်လိုက်တော့ ညီ
ကိုယ့်ကိုကိုယ်ဂရုစိုက် သဘက်ခါကျောင်းတက်ရတော့မယ် "ဘုန်းရဲ့သတိပေးစကားသံက နည်းနည်းတင်းမာနေတဲ့အသံမလို့..
" အင်းပါ ငါမင်းတို့စားဖို့ ပန်းသီးခွဲပေးပြီး အိပ်မှာပါ "
" မင်းဖျားမယ်နော် ငါသတိပေးတယ်! "
" ဟင်.... "
ဘုန်းရဲ့စကားကြောင့် အံ့သြမိတယ်
ဘုန်း ဒီလိုလေသံနဲ့ တစ်ခါမှမပြောဖူးခဲ့ဘူး..." ဟာ ရတုညီ ဟုတ်သားပဲ မင်းကလဲ ငါခွဲလိုက်မယ်သွား နားတော့ "
သီဟလဲ အခြေအနေကိုရိပ်မိလောက်ပြီး
ကြားထဲက စကားဝင်ပြောပြီး ဖြေလာတယ်...

VOUS LISEZ
Reflection
Roman d'amourလူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတွေရဲ့ အားသာချက် အားနည်းချက်ကို သဘောထားကြီးပေးနိုင်ပါ့မလား နားလည်ပေးနိုင်ပါ့မလား... ဘဝအလှည့်အပြောင်းအရရော...