ဘုန်းမြတ်ဇော်ရဲ့မာမီ စီစဉ်ပေးတဲ့တိုက်ခန်းကိုမသွားခင်တစ်ရက်...
" အမေ သားဆိုင်မှာ order လေးတွေလက်စသတ်ခဲ့မယ်နော် "
" အေး အေး
ကျောင်းတက်ရင်လဲနော် ဘာသံညာသံမကြားချင်ဘူး နင့်အဖေအကြောင်းသိတယ်မလား "" သားဘာလုပ်လို့လဲ အမေကလဲ "
" သီဟ မင်းကတော့ ဟုတ်ကဲ့လို့ ပြန်ပြောရင်
မင်းကင်းကိုက်မှာဆိုးလို့လား
လျှာပြန်ရှည်ပြန်ပီ "" ဟုတ်တယ်လေ အမေကလဲ..
သားက ကင်မရာကိုင်ရတာကလွဲရင် ကျန်တာဘာမှစိတ်မဝင်စားဘူးလေဗျာ "" အေးပါ မိဘက အမျှော်အမြင်ရှိတယ်
ငယ်ရာကကြီးလာတာ နင်တို့ဘယ်အရွယ်မှာဘယ်လိုအမှား မှားတတ်လဲ သိလို့
ကြိုသတိပေးနေတာ မဖြစ်သင့်တာမဖြစ်ရအောင်... "" ဟုတ်ကဲ့ပါ ဒေါ် စိန်သန်းရာ
ကျွန်တော်မျိုး ဘာသံညာသံမှမကြားရအောင်နေပါ့မယ်ဗျာ "" အေး နင့်အဖေကြားရင် နင့်တုပ်လိမ့်မယ်..
ငါ့ကို အ့လိုကြပ်ကြပ်နောက်.."အမေ့ကို နာမည်ခေါ်ပြီး စရနောက်ရတာ တစ်မျိုး...အမေကလေ ပါးစပ်ကသာ ပွစိပွစိပြောတတ်တာ ပီးရင် လိုအပ်တာတွေမဖြည့်ဆည်းပေးတာမရှိ....
" အမေကလဲ အဖေက တုပ်ရအောင် ပျားမှမဟုတ်တာ..."
" ဟက် ပြောလေကဲလေ ဒီကောင်လေး..
အေး ငါ သနပ်ခါးတုံးနဲ့ကောက်ပေါက်မိတော့မယ်"အမေက သနပ်ခါးတုံးကို ဘယ်ဘက်ရွယ်လိုက်ညာဘက်ရွယ်လိုက်နဲ့ လှမ်းပေါက်ဖို့အရှိန်ယူနေတာမလို့...
"ဒေါ်စိန်သန်းအ့လိုမနောက်ရဘူးလေ...
လွှတ်ချလိုက်ပါ... အ့သနပ်ခါးတုံးကြီးက...
မဟုတ်...မလုပ်..မလုပ်ရဘူးလေ..အော် "" ကြပ်ကြပ်သတိထား လာ ပိုက်ဆံလာယူ "
" ဟီး လာပီဗျို့ အာ....ဘွား "
" ဟက်ကောင်လေး... အော် ပြောရင်းဆိုရင်း "
အမေ့ပါးကို နမ်းလိုက်ရင်း အမေ့ပါးကိုဖွဖွညှစ်မိတော့ အမေက..လက်နဲ့အသာပုတ်ပြီး မျက်စောင်းလေးထိုးလာတယ်..
ဒါပုံမှန်ပါပဲ..အမေနဲ့စနောက်နေကြ....
" သီဟ ဆိုင်ကယ်အပြင်မှာနေပူနေပီလေ
အိမ်ထဲလာသွင်း လာ မြန်မြန် "

ŞİMDİ OKUDUĞUN
Reflection
Romantizmလူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတွေရဲ့ အားသာချက် အားနည်းချက်ကို သဘောထားကြီးပေးနိုင်ပါ့မလား နားလည်ပေးနိုင်ပါ့မလား... ဘဝအလှည့်အပြောင်းအရရော...