Reflection Part(17)

61 2 0
                                    

" မာမီ....မာမီကိုအရမ်းသတိရနေတာ "
ဘုန်းမြတ်ဇော်တစ်ယောက် မနက်စောစောတည်းကစံအိမ်ပြန်လာပြီး ဒီအမေကိုတွယ်ကပ်နေတာ..

ဒီကလေး ချွဲနေပုံထောက်ရင်
" အမယ် မုန့်ဖိုးကုန်လို့ရောက်လာတာမလား "

" မာမီကလဲ သားက မာမီ့တစ်ဉီးတည်းသောသားလေ ဒီအမေနဲ့ဒီသားပဲရှိတာလေဗျာ
မာမီ့ကို အများကြီးသတိရနေတာ "

Top10စရင်းဝင် Business women တစ်ယောက်ဖြစ်တဲ့
စီးပွားရေးလုပ်ငန်းရှင် ဒေါ်ခင်ခင်ကျော်ရဲ့ တစ်ဉီးတည်းသောသား ဘုန်းမြတ်ဇော်...

ထူးချွန်ထက်မြက်တဲ့ professor တစ်ယောက်ဖြစ်စေချင်လွန်းတာမလို့ သားရဲ့ လိုအပ်ချက်မှန်သမျှ ပြီးပြည့်စုံစေချင်လွန်းတယ်
ကိုယ်ကြိုးစားရုန်းကန်ပြီး ရှာထားသမျှ ဒီသားတစ်ယောက်အတွက်ပဲလေ
သားဟာ အများတကာထက် အမြဲသာနေရမယ်
အဖေမရှိလို့ သားအတွက် ဖခင်မေတ္တာမလစ်ဟင်းစေရ...
ဒီအမေတစ်ယောက်ထဲကပဲ သားအတွက် အမြဲ
ဖခင်မေတ္တာရော မိခင်မေတ္တာရော အပြည့်အဝပေးထားတယ်
သားစိတ်ချမ်းသာစေဖို့အဓိက...
သားဖြစ်ချင်တာ လိုချင်တာ မှန်သမျှ ရစေရမယ်
ဖြစ်စေရမယ်...သား
သားဟာ မာမီ့ရဲ့ အသက်သွေးကြော.....

" ဟုတ်ပါပီရှင် ကဲ ထမင်းစားပြီးမှပြန်မလား သား "

" မစားတော့ဘူး မာမီရဲ့ ညီ့ ကို ဝင်ခေါ်ပြီး
ဒီနေ့ ဟော့ပေါ့သွားစားမလို့ "

" ဟုတ်ပါပီ ရတုလေးရော ခြူခြာသေးလား "

" အင်း ညီက ငယ်ငယ်တုန်းကလောက်တော့ သိပ်မခြူခြာတော့ပါဘူး ဒါပင်မဲ့ တစ်ချက်တစ်ချက် ဖျားတယ် ညီက အစားလဲဂျီးများတယ်လေ
အ့တာကြောင့် သူ့ကို ဟော့ပေါ့ဆိုင် ခေါ်သွားမလို့"

" အေးပါ မာမီ သားaccထဲ မုန့်ဖိုးထပ်ထည့်ပေးထားမယ် သားကျောင်းမှာရော အဆင်ပြေရဲ့လား"

" ပြေတာပေါ့ မာမီရ ဘယ်သူမလို့လဲ ကျွန်တော်လေ ဘုန်းမြတ်ဇော်ပါ အဆင်မပြေဘူးဆိုတာမရှိစေရဘူး "

" မာမီ့သားတော်တာ မာမီသိတာပေါ့
ဒါပင်မဲ့ သားအဆင်မပြေတာရှိ မာမီ့ကိုပြောနော် ကြားလား "

သားက ကျောင်းကိုကိုယ်သွားတာသိပ်သဘောမကျပုံ...
ကိုယ်က သားအဆင်ပြေဖို့ ငွေဘယ်လောက်ကုန်ကုန်ဆိုပင်မဲ့...
သားက အ့လို ဖို့တာမျိုး လုပ်တာတွေ မလုပ်ပါနဲ့
သူအမြဲအဆင်ပြေပါတယ်လို့ ပြောပြောနေတယ်
မိခင်တစ်ယောက်အနေနဲ့ ဒီသားလေးတစ်ယောက်ကိုတော့ မျက်နှာမငယ်စေချင်ဘူးလေ..
မိဘတိုင်းမှာ ရှိတဲ့ သားသမီးအပေါ် အမြဲပြည့်စုံစေချင်တဲ့ စိတ်မျိုးရှိတာတော့ မမှားဘူးလို့ ယူဆတယ်

ReflectionWhere stories live. Discover now