နေ့လည်ထမင်းစားဆင်းချိန်မလို့..
ကျောင်းစုဝေးကွင်းထဲမှာ ပျော်ပျော်ပါးပါးကစားနေကြသူတွေ...စန္ဒီကတော့ မိန်းကလေးပီပီ အချဉ်အစပ်အရမ်းကြိုက်သူမလို့ မုန့်စျေးတန်းက လူတိုးပြီးဝယ်လာတဲ့ သဘော်သီးသုပ်ကို ရှူးရှူးရှဲရှဲစားနေလေရဲ့..
မြင့်မြတ်ရယ် သီဟရယ် ဘုန်းရယ်ကတော့...
ထုံးစံအတိုင်း ဘောလုံးလုကန်နေကြလေရဲ့...ပြန်တွေးကြည့်ရင် အခုလိုကိုယ်လက်လှုပ်ရှားကစားတာမျိုးတွေလုပ်နေကြတဲ့သူတို့တွေက...
ဘယ်ခြူခြာပါ့မလဲ...ကိုယ်ကသာ သူတို့ကြားထဲ ခနခနခြူခြာပြီး ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေတာ...
မခြူခြာအောင် ကစားဖို့တော့လာမပြောနဲ့...
လူတွေရှုပ်တာကို မကြိုက်ဘူး...
လူတွေရဲ့ တစ်ယောက်တစ်မျိုး...ချွေးပျံနေတဲ့ခန္ဓာကိုယ်နံ့တွေ...လက်မဆေးပဲ လာပြီးထိတွေ့တာမျိုးတွေ..အဆိုးဆုံးက ရေဗူးလာတောင်းသောက်ရင် ဟင်းနံ့တထောင်းထောင်းကျန်နေခဲ့တဲ့ ရေဗူးနှုတ်ခမ်းဝ...
နားထဲမှာ...တပြတ်ပြတ်မြည်အောင် စားသောက်နေတဲ့အသံတွေ...အိုး မကြိုက်ဘူး....ဒါကြောင့်မလို့ ထမင်းစားရင်တောင် ကျန်တဲ့သူတွေနဲ့မစားဘူး...
တစ်ယောက်တည်းပဲ တိတ်တိတ်ဆိတ်ဆိတ်စားနေကြ...
ဘုန်းပဲ ကိုယ့်အကြောင်းကိုသိတော့...
ဒီအချက်ကိုတော့ သူဘာမှမပြော...မပြောတာထက်...သူ့စိတ်ထဲမထားတာပါ..
သူ့မှာက အပေါင်းအသင်းပေါတယ်လေ...
ဘယ်အတန်းကကောင်မလေးတွေ မှန်းမသိရောက်လာပြီး မုန့်ထုတ်တွေ ဝယ်ပို့တော့ သူ့အတွက်က ရေဆိုရေ လေဆိုလေ အဆင်သင့်...တစ်ခါတစ်လေ မျက်စိနောက်လွန်းတယ်...
ခုလဲ စိတ်ပြေလက်ပျောက် ကစားကွင်းထဲခနလာထိုင်လိုက်တာ ဖုန်နံ့တွေနဲ့နေရောင်ကြောင့် အရေပြားမှာ အနီကွက်က ထွက်ချင်လာပီ..." ငါအထဲပြန်ဝင်ပီ စန္ဒီ "
" အေး ပြီးမှငါဝင်ခဲ့မယ်နော် ငါသန့်စင်ခန်းသွားလိုက်အုံးမယ် "
" အင်း "
ဒီနေ့ ရတုညီ ဘာတွေစိတ်ကောက်နေပြန်ပီလဲ...
ငါ့ကိုလား ဟာ ငါ့ကိုမဟုတ်လောက်ပါဘူး..
ကျန်တဲ့သူတွေကိုလား ဟာ...
တွေးနေတာ ဟုတ်ချင်မှဟုတ်မှာပါ...
ရတုညီမျက်နှာကလဲ အဖက်ရခက်သား...
သူစိတ်မကြည်ဘူးဆိုရင် မျက်ခုံးနှစ်ဖက်က ဟိုဖက်ဒီဖက်ထိလုမတက် တွန့်ချိုးနေရော...
သူဘာဖြစ်နေတာလဲ...
BINABASA MO ANG
Reflection
Romanceလူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတွေရဲ့ အားသာချက် အားနည်းချက်ကို သဘောထားကြီးပေးနိုင်ပါ့မလား နားလည်ပေးနိုင်ပါ့မလား... ဘဝအလှည့်အပြောင်းအရရော...