! ဉာဏ်ရည်ထက်မြက်တဲ့ယောကျ်ားတွေက
ကိုယ့်ရဲ့ မယားကြီးကို ကွာရှင်းပြီး
ဘယ်မယားငယ်ကိုမှ ဉီးထိပ်မပန်ဘူး!" ဟယ် အကုသိုလ်ပဲကွာ ငါသာမယားကြီးနေရာမှာဆို ပါးကွဲအောင် စော်ထည့်လိုက်မယ် "
" ဟေး ဟေး စိတ်လျှော့လေ ဇာတ်လမ်းကိုဇာတ်လမ်းလိုကြည့် မြတ် "
" မင်းစဉ်းစားကြည့်လေ ငါလဲယောကျ်ားပါကွာ
ဒါပင်မဲ့ အ့လိုရွံစရာကောင်းတဲ့ထိတော့ အောက်တန်းမကျပါဘူး "" မြတ် ဟျောင့် စိတ်လျှော့ပါကွ
လူတိုင်းအ့လိုမဟုတ်ပါဘူး "" ဟိုကောင်ကရော ဘာထူးလဲ
မမမှာအပစ်မရှိပါဘူး
ကျွန်တော်ကသာ အချစ်ကိုချစ်မိသွားတဲ့အပစ်ပဲရှိတာပါတဲ့ ထွီ သူကတပြန်ကြီးနော် "" အို ဟိုး မယားကြီးmood ဝင်နေပါ့လား "
အခန်းထဲကနေထွက်လာတဲ့ ရတုကဝင်ပြောလာတယ်
" ရတုကလဲ မင်းစဉ်းစားကြည့်လေ
အ့လိုလေ သူတို့မိန်းမတွေက မပြည့်စုံတာလဲမဟုတ် မချောမောတာလဲမဟုတ်
ဒီခနတဖြုတ် သာယာမှုကိုမက်မောပြီး ဖောက်ပြန်ကြတာ ဘယ်လောက်အောက်တန်းကျလဲ "" အင်း ငါလဲ ဖောက်ပြန်တာကို သဘောမကျဘူး
တကယ်ဆိုရင် ဒီဇာတ်လမ်းမှာ မိန်းမတွေက အထက်မြက်လွန်နေတာလဲပါတယ် အလုပ်ကိုပဲလုပ် overtime တွေနဲ့ schedule ကများနေတော့ ခင်ပွန်းသည်အပေါ် မိန်းမတွေရဲ့ တာဝန်လေးနည်းနည်းလှစ်ဟင်းတာလဲပါတယ်
မိန်းမတွေလုပ်နေကျ ချော့တစ်ခါ ခြောက်တစ်လှည့် မူယာမာယာလေး နည်းနည်းလိုတယ်လို့ထင်တယ် "စကားလဲပြောရင်း sofa ပေါ်လာထိုင်တဲ့ရတုကြောင့်....
" မင်းပြောတာလဲ ဟုတ်ပါတယ်
ဒါပင်မဲ့ကွာ မိန်းမဘယ်လောက်အလုပ်ရှုပ်ရှုပ်
သူ့ဟာသူအေးဆေးနေတတ်တဲ့ကောင်တွေက ရှားပါတယ်ကွ "" အင်း အိမ်ထောင်တစ်ခုရဲ့ဆည်းလည်းလေးဆိုတဲ့ သားသမီးရတနာလဲ လိုသေးတာကိုး...
ဖောက်ပြန်တာခြင်းတူပင်မဲ့
ဒီမင်းသားနှစ်ယောက်ရဲ့ မက်မောပုံကမတူဘူးကွ"" အင်း ဘယ်လိုမတူ ပြောစမ်းပါအုံး ရတု "
" မင်းတို့နှစ်ယောက် ဒီညဆွေးနွေးလို့ပီးပါအုံးမလား ဟမ် "
![](https://img.wattpad.com/cover/316657959-288-k194464.jpg)
ESTÁS LEYENDO
Reflection
Romanceလူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတွေရဲ့ အားသာချက် အားနည်းချက်ကို သဘောထားကြီးပေးနိုင်ပါ့မလား နားလည်ပေးနိုင်ပါ့မလား... ဘဝအလှည့်အပြောင်းအရရော...