အရာအားလုံးဟာ နေသားတကျပါပဲ
ဒါပင်မဲ့ အချိန်တွေနှစ်တွေထိကြာလာတာနဲ့အမျှဘုန်းနဲ့ကိုယ့်ရဲ့ relationship ကို လူသိများလာကြတယ်...
ဘုန်းရဲ့ social media မှာ public တင်ထားတာလဲပါလိမ့်မယ်
တစ်ချို့ကတော့ နှစ်ခြိုက်စွာ နားလည်လက်ခံပေးကြတယ်
တစ်ချို့ကတော့ ဒီလို အချစ်ကို ဒီနေ့ခေတ်ထိ ရှုံ့ချရွံရှာနေကြတုန်းပါပဲဘာတွေများ အမှားလုပ်မိလို့လဲဗျာ...
ကိုယ်ချစ်ရတဲ့သူက gender တူနေတာနဲ့...
ကျွန်တော်တို့က အခြောက်ဖြစ်ရောတဲ့လားဟင့်အင်း ကျွန်တော့်ဘာသာအေးဆေးနေတာပါ
ကျွန်တော် အခြောက်တစ်ယောက်မဟုတ်ဘူး...ဘုန်းကတော့ ဒါတွေကို ဂရုမစိုက်...
ကိုယ်သာ ဒီအကြောင်းတွေနဲ့ပတ်သက်ပြီးစိတ်ညစ်ရတာ...များပြီးတော့ ဘုန်းက...ဒီလိုအကြောင်းတွေကို စ ပြောရင် လုံးဝလက်မခံ..
စကားလမ်းကြောင်းလွှဲပြီး တမင်ရှောင်ထွက်သွားတယ်လူတွေကြားထဲမှာ နေတာလေ...
လူတွေရဲ့စကားသံတွေတော့ ဂရုစိုက်ရမှာပေါ့အရာရာကို ငွေရေးကြေးရေးနဲ့ဆုံးဖြတ်လို့မှမရတာ...
ဘုန်းက ဂရုမစိုက်လေ... ကျွန်တော်ပိုပြီးခံစားရလေ...အခုနောက်ပိုင်း ကျွန်တော်တို့ရဲ့ relationship ကို လူသိများလာတဲ့အခါ အိမ်က ဖေဖေနဲ့မေမေကပါ မေးခွန်းထုတ်ချင်လာကြပီ
မေမေနဲ့phပြောတိုင်း...
ဒီလိုပါပဲ ဘုန်းက စနောက်ရတာ ကြိုက်တော့...
သားက သည်းခံလိုက်နော်တဲ့...ဘုန်းရဲ့ social media ကိုမြင်ပြီးဟန်...
မေမေက စကားကို လှည့်ပြောလာတယ်ဒီလိုဆိုရင် ကျွန်တော်နဲ့ဘုန်းရဲ့ rs ကိုလက်မခံချင်တာများလား
ဖေဖေဆိုရင်ရော...
ကျွန်တော် ဒီကိစ္စအတွက်ကြောင့် မေမေတို့နဲ့
မရင်ဆိုင်ရဲလို့ မေမေရဲ့မေးခွန်းတွေကို ကြောက်လို့
ကျောင်းကိစ္စနဲ့အကြောင်းပြရင်း
အိမ်မပြန်ဖြစ်ခဲ့တာ ကြာပီ ...ကျောင်းရောက်ပြန်ရင်လဲ လက်ခံသူတစ်ချို့ကတော့ ဖော်ရွေကြပင်မဲ့...
လက်မခံပေးတဲ့သူတွေရဲ့အကြည့်တွေကိုမရင်ဆိုင်ရဲဘူး...
အေးအေးဆေးဆေး ကြားနေ နေတဲ့သူတွေကိုမြင်ပြန်ရင်လဲ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိ

KAMU SEDANG MEMBACA
Reflection
Romansaလူငယ်တွေရဲ့ စိတ်ခံစားမှုကနေ ဘဝအတွက်ရုန်းကန်ရင်း နှလုံးသားနဲ့ဉီးနှောက် ယှဉ်ပြီးစဉ်းစားလာရတဲ့အခါ..... မိဘတွေရဲ့အမြင် စိတ်သဘောထားကရော... သားသမီးတွေရဲ့ အားသာချက် အားနည်းချက်ကို သဘောထားကြီးပေးနိုင်ပါ့မလား နားလည်ပေးနိုင်ပါ့မလား... ဘဝအလှည့်အပြောင်းအရရော...