part 1

17.6K 473 8
                                    

zawgyi

"ဂျပန်နိုင်ငံ အိုဆာကာမြို့...."

များသောအားဖြင့် လှပသောရှုခင်းများနှင့်အစားအသောက်များကြောင့် နာမည်ကြီးသည့် ဂျပန်နိုင်ငံ၏ အိုဆာကာမြို့ ။..
ကမ္ဘာလှည့်ပြီး ကမ္ဘာ၏ရေမြေတောတောင်နှင့် မြို့ပြများ၏အလှအပများအားခံစားတတ်သူပီပီ ယခုရောက်ရှိနေသည့် အိုဆာကာမြို့၏အလှအပတရားများအား ကင်မရာ တစ်လုံးဖြင့် မှတ်တမ်းတင်နေသည့် Kim taehyung..

"ချလပ်...."
"အဟွင်း ရုပ်ထွက်တော်တော်ကောင်းကောင်းထွက်သားဘဲငါ့ကင်မရာလေးက မဆိုးဘူးတော်တယ်..."
လမ်းဘေးဈေးတန်းလေးမှ အစားအသောက်တို့အား မှတ်တမ်းတင်လျက် ထိုပုံလေးတို့အားကြည့်ကာ taehyung မိမိ cameraက ချီးမွမ်းခန်းဖွင့်နေမိပြန်သည်။..

" မလွှတ်စေနဲ့ အဲ့ကောင်ကိုရအောင်ဖမ်း...."

အစားအသောက်တို့အား အာရုံရနေခိုက် ခပ်ကျယ်ကျယ်ပြောလာသည့် ဂျပန်ဘာတာစကားဖြင့် လူအုပ်စုတစ်ခု...
တစ်ဖက်မှာလဲ All Black အားဝတ်ဆင်ထားပြီး mask အမဲရောင်အားတပ်ဆင်ထားသလို လျှာထုပ်ဦးထုပ်အနက်ရောင်အား ခေါင်းငိုက်စိုက်ကျအောင် ဆောင်းထားသည့် လူတစ်ယောက်ဟာ မိမိဆီသို့ တန်းတန်းမတ်မတ်ပြေးလာသည်မို့ taehyung အူကြောင်ကြောင်ဖြင့် ထိုအချင်းရာတို့အား ရပ်ကြည့်နေမိသည်။
အနားရှိ လူများမှာတော့ ရုတ်တရက်ဖြစ်လာသည့် ရုတ်ရုတ်သဲသဲအ​ခြေနေကြောင့် အဝေးသို့ ပြေးသည့်လူကပြေး ကြောက်လန့်တကြားရှောင်ဖယ်သူက ရှောင်ဖယ်ခြင်းပြုနေကြပေမဲ့ ထယ်ယောင်းမှာတော့ ယခုထိ ကြောင်တောင်စွာရပ်နေဆဲပေမို့...

"ဟင်..."
"အာ့..."

အရှိန်နှင့်ပြေးလာသည့် All black နှင့်လူ အနီးသို့ရောက်လာသည်နှင့် မိမိလက်ကောက်ဝတ်အားဆက်ခနဲဆွဲကာပြေးခေါ်သွားသည်မို့ ထယ်ယောင်းမှာ ကြောင်တောင်တောင်ဖြင့် ထိုလူ့အနောက်သို့ အပြေးလေးတစ်ပိုင်းလိုက်ပါသွားရသည်။..

"ဟာ...ဒီလူ ခင်ဗျားဘာလုပ်တာလဲ ကျွန်တော့လက်ကိုလွှတ်..."
နားလည်သည် မလည်သည်တော့ ထယ်ယောင်းမသိ ထိုလူ့အားမိမိဘာသာစကားဖြင့်သာပြောလိုက်သည်။
သူခေါ်ရာနောက်သို့ ပြေးလိုက်လာရသည်မှာ မောဟိုက်လာသလို ဆုပ်ကိုင်ခံထားရသည့် လက်ကောက်ဝတ်ဟာလဲ နာကျင်စပြုလာပြိမို့ပင်။..

JEON  AND JEON'S  HONEY (Completed)Onde histórias criam vida. Descubra agora