အပိုင်း၁၃

2.8K 105 1
                                    

"က၊ခ၊ဂ၊ဃ၊င
စ၊ဆ၊ဇ၊ဈ၊ည.."

ကလေးတွေ၏ စာအံသံက ကျောင်းဝန်းအတွင်း၌ ပျံ့နှံ့လာသည်။ကလေးတွေ၏ စာအံသံက လင်း၏ စိတ်ပျံ့နှံ့မှုကို မတားစီးနိုင်။ကလေးတွေ စာဆိုနေသည်ကို နားထဲကြားနေရပေမဲ့ လင်း၏ စိတ်အစုံသည် ထိုစာသင်ခန်းထဲ၌ မရှိ။

"ဆရာ..ဆရာ.."

လင်းလည်း ကလေးလေးတစ်ယောက်ခေါ်သံကြောင့် အယောင်ယောင်၊အမှားမှားနှင့် မတ်တပ်ထရပ်မိသည်။

"ဆရာ့ကို ခေါ်လိုက်တာလား.."

"ဟုတ်ကဲ့ဆရာ..သမီးတို့စာဆိုတာ ပြီးပြီလို့.."

"​ဟုတ်ပြီသမီး..ခဏလေးနော်..ဆရာဖုန်းကိုင်လိုက်ဦးမယ်.."

စားပွဲခုံပေါ်ရှိ လက်ဆွဲအိတ်ထဲမှ ဖုန်းအားထုတ်ကာ အခန်းပြင်သို့ ထွက်လာလိုက်သည်။

ဖုန်းscreenအား ကြည့်မိတော့ ခေါ်သည့်နံပါတ်က နံပါတ်စိမ်း..။

"ဟယ်လို.."

"ဆရာငွေစက်လင်းလား.."

"ဟုတ်ကဲ့ခဗျ..ဘယ်သူပါလဲ.."

"ဂျူးလေ..မမှတ်မိတော့ဘူးလား..ဂျူးဂျူးလေ.."

လင်းဦးနှောက်အား အသည်းအသန်အလုပ်ပေးရသည်။

"အာ..မှတ်မိပြီ..ဂျူးဂျူး..ပြော.."

ဂျူးဂျူးဆိုတာ လင်းပြောင်းလာခဲ့သည့်ကျောင်းက ဆရာမလေးတစ်ယောက်။နာမည်အရင်းက ဂျူးဂျူးခိုင်တဲ့..။

"ဆရာက ဂျူးဖုန်းနံပါတ်ကိုတောင် မမှတ်ထားဘူးပေါ့လေ.."

ဂျူးဂျူးပြောလည်း ပြောချင်စရာပင်။လင်းဒီရွာလေးကို စရောက်လာကတည်းက အရင်ကျောင်းက ပတ်သက်ခဲ့သမျှကို အကုန်သံယောဇဥ်ဖြတ်ခဲ့တာပင်။ဖုန်းနံပါတ်တွေကအစ အကုန်ဖျက်ခဲ့မိသည်။

"မဟုတ်ပါဘူးဂျူးဂျူးရဲ့..ကျွန်တော်ဖုန်းပျက်သွားလို့ အသစ်ဝယ်ထားတာ..အဲ့တာကြောင့် ဂျူးဂျူးရဲ့ဖုန်းနံပါတ်ကို မမှတ်ထားမိတာ.."

မုသာဝါဒကံကို လင်းမထင်မှတ်ပဲ ကျူးလွန်မိသည်။

"ထားပါတော့..ဂျူးက သတင်းကောင်းလှမ်းပြောတာ.."

"ဘာများတုန်းဂျူးဂျူးရဲ့.."

"ဆရာဂျူးတို့ကျောင်းကို ပြန်လာရတော့မယ်.."

ကိုရွှေမြို့သား/ကိုရွှေမြို့သား(Complete)Where stories live. Discover now