ရွာလမ်းလေးအတိုင်း လျှောက်လာလိုက်တာ ထန်းတောနားသို့တောင် ရောက်နေပြီ။အကိုဖြစ်သူငွေစက်မင်းကတော့ ဟိုကြည့်ဒီကြည့်နှင့်။လင်းကတော့ ထန်းတောထဲသို့ မျက်စိဝေ့ကြည့်မိတော့ ထိုင်နေကြနေရာလေး၌သာ ထိုင်နေသော ဟိုတောသားအုပ်စု..။
"ကိုကြီး..ထန်းရေသောက်မလား.."
"ငါမသောက်တတ်ပါဘူးကွာ.."
ကိုကြီးက မသောက်တတ်တာတော့မဟုတ်ပေမဲ့ မသောက်နိုင်တာပင်။သူ့မှာ တစ်ခွက်လောက်ပဲသောက်ရသေးတယ်..မျက်နှာနီရဲလာတာပင်..။
လင်းအကိုက နောက်ကြောင်းပြန်လှည့်ပြီး ချောင်းလေး၌ သွားထိုင်သည်။
"ဒီချောင်းနာမည်ကဘာလဲ.."
"ကျွန်တော်လည်းမသိဘူး..ရွာချောင်းလို့တော့ ခေါ်ကြတာပဲ.."
လင်းအကိုက ခေါင်းတညိမ့်ညိမ့်ဖြင့် ချောင်းလေးကို ကြည့်နေသည်။ခဏကြာတော့ ပျိုမေတစ်သိုက်ရေခပ်ဆင်းလာကြသည်။
လင်းအကို,ကိုကြည့်တော့ ထိုပျိုမေတစ်သိုက်စီက မျက်စိမလွှဲ။
"မျက်တောင်လေးဘာလေးခတ်ဦး.."
လင်းပြောလိုက်တော့မှ လင်းအကိုက ရှက်ကိုးရှက်ကန်းဖြင့် ချောင်းကို ပြန်ကြည့်သည်။
အငယ်ကောင်ပြောသလိုပင်။ရွာက ပျိုမေတွေက တကယ်လှတာပင်။မြို့သူတွေလို ဆေးရောင်တွေခြယ်သထားပြီး လှတာမဟုတ်ပဲ သနပ်ခါးပါးကွက်ကြားဖြင့် ရိုးရိုးယဥ်ယဥ်လေးလှတာပင်။
"ဆရာလေး..ဒါလည်း မြို့သားပဲလားတော့.."
ရေခပ်ဆင်းလာတဲ့ပျိုမေတွေထဲက ခပ်သွက်သွက်တစ်ယောက်က မေးသည်။
"ဟုတ်တယ်ညိုရေ..ကျွန်တော့်အကိုပါ..နာမည်က ငွေစက်မင်းတဲ့.."
ငွေစက်မင်းမျက်စိကျနေသော တစ်ယောက်မှာ ထမီအနီလေးကို တိုတိုဝတ်ဆင်ထားပြီး အင်္ကျီခရမ်းရောင်ရင်ဖုံးလေးအား တွဲဖက်ဝတ်ဆင်ထားတဲ့ ကောင်မလေးက ငွေစက်မင်းရဲ့ အကြည့်ကို ဖမ်းစားထားသည်။
"မြို့သားတွေများ ချောလိုက်တာ.."
ခွာညိုက ပြောတော့ လင်းလည်း ခပ်ဟဟရယ်မိသည်။ပျိုမေတစ်သိုက်က လင်းတို့ကို နှုတ်ဆက်ကာ ရေခပ်ရန် သွားကြပြီဖြစ်သည်။ထိုပျိုမေတို့ထွက်သွားမှ လင်းရဲ့အကိုက
![](https://img.wattpad.com/cover/329764794-288-k228812.jpg)