"ကိုလင်း.."
"အင်း.."
လင်းအဝတ်ခေါက်နေသည်ကို ဘေးနားမှ ထိုင်ကာ စကားများနေသည်။
"ထားလိုက်ပါတော့.."
"ဘာဖြစ်ပြန်ပြီလဲ.."
"ဘာမှမဟုတ်တော့ဘူး.."
"အမောင်အာကာမင်းမြတ်ရယ်..ပြောစရာရှိတာပြောပါ..စကားပလ္လင်ခံနေသေးတယ်.."
"ကိုလင်းက သဘောတူမှာလား.."
လင်းမျက်မှောင်ကြုတ်မိသည်။ဘာတွေအထူးအဆန်းလုပ်ဦးမလဲမသိ။
"မင်းပြောတဲ့အကြောင်းအရာကို ကြည့်ပြီး သဘောတူရမှာပေါ့.."
"ကျုပ်တို့ခိုးပြေးရအောင်.."
"ဘာ!"
"ဘာဖြစ်တာလဲကိုလင်းရာ..အလန့်တကြား.."
"ငါကသာ လန့်ရမှာ..မင်းဘာပြောလိုက်လည်းရောသိရဲ့လား.."
"သိသားပဲ..ခိုးပြေးရအောင်လို့ ပြောလိုက်တာလေ.."
အာကာမင်းမြတ်ကတော့ သူမဟုတ်သည့်အတိုင်း လင်းအဝတ်တွေအား ဆက်ခေါက်နေသည်။လင်းကတော့ ရှက်လွန်းလို့ မျက်နှာရဲနေပြီဖြစ်သည်။လူကို မိန်းကလေးထင်နေလားမသိဘူး..ခိုးပြေးရအောင်တဲ့..။
"သဘောတူလား.."
"ရူးနေလို့သဘောတူရမှာလား.."
"ဟာ..ဒါဆို ကိုလင်းက ကျုပ်ကို အပျော်ကြံတာလား.."
"အေး..ဟုတ်တယ်.."
လင်းစကားအဆုံး ချက်ချင်းမျက်နှာညိုးသွားကာ
"ကျုပ်သိပါတယ်လေ..ကျုပ်ကို အဖြေပြန်ပေးကတည်းက ကိုလင်းမရိုးဘူးဆိုတာ..ကျုပ်ကို အပျော်ကြံတယ်ဆိုတာ သိလိုက်ရတော့ ဒီထဲက နာတယ်.."
သူ့ရင်ဘတ်အား လက်ညိုးဖြင့် ထိုးပြကာ ပြောနေသည့် ကောင်လေးက တကယ်ချစ်စရာပင်။လင်းလည်း ကြိတ်ရယ်ကာ
"ခံစားသွားရတာပေါ့.."
"ဒါပေါ့ဗျ..ကျုပ်ကတော့ ချစ်လိုက်ရတာ..သူကတော့ ကျုပ်ကို အပျော်ကြံတာတဲ့..ကြားလို့မှ ကောင်းကြသေးရဲ့လား..အရပ်ကတို့ရေ.."
အာပြဲကြီးနှင့် ထအော်နေသော ကောင်လေး၏ ပါးစပ်အား လင်းအလျင်အမြန်လိုက်ပိတ်ရသည်။အပြင်မှာ လင်းအကိုနှင့်ကိုမြတ်ဇေတို့ ရှိသည်လေ..။