အပိုင်း၂၃

2.9K 92 1
                                    

"အဘ..ကျုပ်ရွာထိပ်က ဝါးပင်တွေ သွားခုတ်လိုက်ဦးမယ်.."

မင်္ဂလာပွဲအတွက် သတို့သားဖြစ်သည့် အာကာမင်းမြတ်ကိုယ်တိုင်က ပါဝင်ကာ တက်ကြွစွာ လုပ်ဆောင်နေသည်။

"အေးအေး..မင်းအမေနဲ့ဆရာလေးနဲ့ကတော့ မြို့မှာ အဝတ်သွားရွေးကြတယ်..မင်းတို့ညီအကိုနှစ်ယောက်က ဝါးတိုင်တွေ သွားခုတ်ချေ.."

ရွာထိပ်ရှိ ဝါးပင်တွေသည် မှိုင်းညို့နေသည်။ရွာထဲတွင် လိုအပ်သည့်တိုင်များအား ထိုနေရာမှ ခုတ်ယူကြသည်။

အမေနှင့်ကိုလင်းတို့က မြို့တက်ကာ အဝတ်ရွေးနေကြတုန်း အာကာမင်းမြတ်တို့က မင်္ဂလာပွဲအတွက် မဏ္ဍပ်ဆောက်ရန် ဝါးတိုင်တွေ ခုတ်ရမည်။တဖြည်းဖြည်းနှင့် ကိုလင်းအား ပိုင်ဆိုင်ရန် နီးကပ်လာပြီဖြစ်သည်။

* * *
ဒီကနေ့သည် အာကာမင်းမြတ်နှင့်ငွေစက်လင်းတို့၏ မင်္ဂလာအစနေ့ပင်။ရွာထဲ၌ မြို့တွေလို ဆောင်းဘောက်တွေ မရှိသဖြင့် သူကြီး၏ လော်စပီကာဖြင့်သာ မင်္ဂလာသီချင်းအား ဖွင့်မည်ဖြစ်သည်။

ရွာထဲ၌ အလှူအတန်း၊ပျော်ပွဲရွှင်ပွဲတွေဆိုသည်မှာ လွန်စွာရှားပါးသည်။ထို့ကြောင့် ရွာထဲရှိ လူကြီး၊လူငယ်များသည် တက်ကြွစွာ ပါဝင်နေကြသည်။ကာလသားများသည်လည်း မဏ္ဍပ်အလှဆင်ရေးအား ရွာထဲရှိ အပျိုလေးတွေနှင့်အတူ စကြ၊နောက်ကြဖြင့် ပျော်ပျော်ရွှင်ရွှင်အလှဆင်နေကြသည်။ရွာထဲရှိ လူကြီးများသည်လည်း ချက်ကြ၊ပြုတ်ကြဖြင့် အလုပ်ရှုပ်နေကြသည်။ဟိုလုပ်၊ဒီလုပ်နှင့် ပင်ပန်းသည်လို့တောင် မထင်ကြ။အားလုံး၏ မျက်နှာထက်၌ အပြုံးများ ဝေဆာနေသည်။

"ဟဲ့..အာကာမင်းမြတ်..မနက်ဖြန်ဧည့်ခံအတွက် လူပျို၊အပျိုတွေကို ဖိတ်ပြီးပြီလား..ဖိတ်စာတွေကော..ကမ်းပြီးပြီလား.."

"ကျုပ်နဲ့အဂွမ်းတို့ သွားမှာဗျို့..ဧည့်ခံအတွက်ကိုတော့ သံဂွကိုသာ ခိုင်းလိုက်..မြို့ကနေ နှင်းဆီနဲ့ဆေးလိပ်တွေ ဝယ်လာတယ်မှတ်လား.."

ရွာဓလေ့အရ ဧည့်ခံအတွက်အား လူပျို၊အပျိုတွေအား ဖိတ်ရန် လူပျိုတွေအတွက် ဆေးလိပ်နှင့်၊အပျိုတွေအတွက် နှင်းဆီပန်းဖြင့် ဖိတ်ရသည်။

ကိုရွှေမြို့သား/ကိုရွှေမြို့သား(Complete)Where stories live. Discover now