လင်းနှင့်ကိုမြတ်ဇေစကားတပြောပြောနှင့် ထွက်လာတော့ ခြံဝ၌ ရပ်နေသော ဟိုတောသားအား တွေ့ရသည်။လင်းလည်း မသိချင်ယောင်ဆောင်ကာ ဆက်သွားမည်အပြု
"ကိုလင်း.."
လင်းစိတ်ပျက်သလို လှည့်ကြည့်မိတော့ လင်းအား ရယ်ပြသည်။
"ကိုမြတ်ဇေ..အရင်သွားနှင့်ပါလား..ကျွန်တော်ပြီးမှ လိုက်လာခဲ့မယ်.."
ဟိုတောသားနှင့် စကားပြောရမည်ဖြစ်သောကြောင့် ကိုမြတ်ဇေအား ပထုတ်လိုက်သည်။
ကိုမြတ်ဇေထွက်သွားတော့မှ လင်းထိုတောသားဘက် ပြန်လှည့်ကာ
"ဘာကိစ္စလဲအာကာမင်းမြတ်..ငါအပြတ်ပြောပြီးပြီလေ.."
"ကျုပ်လည်း ပြောပြီးပြီလေ..ကိုလင်းမြို့မပြန်ခင် ကျုပ်ကို ပြန်ကြိုက်လာစေရမယ်လို့.."
"အာကာမင်းမြတ်.."
လင်းလေသံအေးအေးဖြင့် ခေါ်တော့
"ဗျာ.."
ထိုအသံလေးက လင်းနားထဲ ပဲ့တင်ထပ်နေသည်။ခါတိုင်းဆို လင်းခေါ်လိုက်တိုင်း 'ဘာလဲ'ဟု ဘုကလန့်သံကိုသာ ကြားရမြဲ။ခုကျ 'ဗျာ'တဲ့။လင်းပဲ နားကြားမှားတာလား မပြောတတ်..။
"ငါ..ငါအလုပ်ရှိသေးတယ်..သွားတော့မယ်.."
လင်းလည်း မူမပျက်အောင် ထိန်းနေပေမဲ့ တကယ်တမ်းကျ အထစ်ထစ်၊အငေါ့ငေါ့နှင့်။ရင်ခုန်နှုန်းတွေ ဒီထက်မမြန်ခင် လှည့်ထွက်မည်အပြု လင်းလက်ကောက်ဝတ်လေးအား ဆွဲထားကာ
"ကျုပ်ကိုလင်းကို ချစ်တယ်.."
လင်းလည်း ရှက်ရမ်း,ရမ်းကာ ဆွဲထားသည့် လက်အား ခါချပြီး ထိုနေရာလေးမှ အမြန်ပြေးထွက်လာခဲ့သည်။
အာကာမင်းမြတ်ရှေ့မှ ပြေးထွက်သွားသည့် လူက ရှက်သွားမှန်းသိသာလှသည်။ကျုပ်ဒီနေ့ကစပြီး ကိုလင်းကို ချစ်ကြောင်းတွေပဲ ပြောမယ်..ကိုလင်းမြို့မပြန်ခင် ကျုပ်ကိုလင်းကို တကယ်ချစ်ကြောင်း သိကောင်းသိပါစေရဲ့..။
* * *
"အဘရေ..အဘ.."ခြံနောက်မှာ ထင်းစင်(ထင်းများသိုလှောင်သည့်နေရာ)ပြင်နေသည့် အဘအား အော်ခေါ်လိုက်သည်။အဘက ဝါးခမောက်ကြီးစောင်းကာ အရှေ့သို့ ထွက်လာသည်။
![](https://img.wattpad.com/cover/329764794-288-k228812.jpg)