အပိုင်း ၁" ချစ်တေးပျို..သမီး
မပြီးသေးဘူးလား....""ပြီးပါပြီး မေမေရဲ့ လာပြီ...."
အခန်းထဲမှ သမီးဖြစ်သူ ထွက်လာသည်ကို
ကြည့်ကာ ဒေါ်ရွှေစင် သက်ပြင်းချလိုက်သည်"ဟွန်း..."
ပျော့ပျောင်းနေသည့်ဆံနွယ်များကို
ဦးခေါင်းထိပ်တွင် စုစည်းထားကာ
ဖြူးဝင်းနေသော မျက်နှာပေါ်တွင်
မျက်လုံးဝိုင်းလေးတွေက
ချစ်စရာကောင်းလွန်းသည်..
နှာတံသွယ်သွယ်လေးတွေဖြင့်
နှခမ်ဖူးဖူးလေးတွေက
ဘာမှပြောရက်စရာမရှိအောင်
ပြီးပြည့်စုံကာလှပနေ၏.."သမီးသွားတော့မယ်နော် "
"သမီး ဘာမှမစားသွားတော့ဘူးလား."
"မစားတော့ဘူး မေမေရဲ့ နောက်ကျနေပြီး.."
ဒီနေ့အင်တာဗျူးဖြေရမှာမို့
စိတ်လှုပ်ရှားနေမိသည်မှာအမှန်ပင်
YKM ကုမ္ပဏီဆိုသည်မှာ
အရမ်းနာမည်ကြီးပြီး
အောင်မြင်နေသော ကုမ္ပဏီတစ်ခုပင်
YKM ကုမ္ပဏီကို ဝင်ရဖို့ဆိုသည်မှာ
အရမ်းခက်ခဲလွန်းလှသည်..YKM ကုမ္ပဏီ မှအလုပ်ခေါ်ကိုစာကိုတွေ့ပြီး
တေးလည်း အင်တာဗျူးဖြေဖို့
လျှောက်ထားရာ
အင်တာဗျူးဖြေခွင့်ရသည်မို့
အရမ်းလည်းပျော်သည်..
အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့
တေး တစ်ယောက် ကိုယ့်ဘာသာကိုယ်
အားပေးနေလိုက်သည်"CEOက အရမ်းချောတာဘဲ"
"ဟုတ်တယ်နော် အရမ်းချောတယ်...
ငါ CEO ကိုပထမဆုံးတစ်ခါမြင်ဖူးတာဘဲ""အယ် နင်တို့က ဘာမှမသိသေးလို့
CEO က ခုထိ ကောင်မလေးမရှိဘူးတဲ့""ဘယ်လို
CEO က ကောင်မလေးမရှိဘူး... ""ဟုတ်တယ်လေ..
သူက ဘယ်မိန်းကလေးမှ စိတ်မဝင်စားဘူးတဲ့
ပြီးရင် သူကိုမြူဆွယ်တဲ့မိန်းမတွေဆို
သူအရမ်းမုန်းတာဟဲ့..""ဟုတ်လား...."
"CEO မှာ မိဘသဘောတူပေးစားတဲ့
ကောင်မလေးရှိတယ်.. ဒါပေမဲ့ CEO က
ငြင်းပစ်တာလေ..
သူ့ကိုမှ မရရင်သေပါ့မယ်ဆိုတဲ့ မိန်းကလေးတွေကလည်း အများကြီး..
ဒါပေမဲ့ သူကတော့..ဘယ်သူ့ကိုမှ
စိတ်မဝင်စားဘူး "
YOU ARE READING
မင်းတစ်ယောက်သာ ( OR ) ချစ်လွန်းလို့ (completed)
Romance"မင်းသိလား ကိုယ် မင်းကလွဲပြီး ဘယ်မိန်းကလေးကို ကြည့်လည်းမကြည့်ဖူးဘူး.. စိတ်လည်း မဝင်စားဘူး..ဒါပေမဲ့..မင်းနဲ့တွေ့မှ ကိုယ်ရူးလောက်အောင်ချစ်မိနေတာ.." အသက်ငယ်ငယ်ဖြင့် အောင်မြင်ကျော်ကြားသော YMKကုမ္ပဏီ၏CEO မင်းမြတ်မဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်န...