Part 19 (Uni/ZG)

11.4K 194 3
                                    

🌺 မင်းတစ်ယောက်သာ 🌺

အပိုင်း     ၁၉ 

"တေး..."

ဘောစ့်ရဲ့ ခေါ်သံကြောင့် တေးအနောက်ကို
လှည့်ကြည့်လိုက်ရင်း
ခေါင်းလေးတွေ ရမ်းခါနေမိသည်..
ဘာကြောင့်ပင်မသိ စိတ်ထဲတွင်လည်း
ကြောက်စိတ်တွေ ကြီးစိုးလာရကာ
မျက်ဝန်းအိမ်လေးလည်း
မျက်ရည်ကြည်များဖြင့်
ပြည့်နှက်လာခဲ့သည်.....
ဇဝေဇဝါကြည့်နေသည့် ဘောစ့်ရဲ့
အကြည့်တွေကြောင့် တေးပို၍ပင်
ကြောက်စိတ်များက ကြီးစိုးလာ၏

'ဟင့်အင်း...တေးမလုပ်ဘူး...'

စိတ်ထဲတွင် ငြင်းဆန်နေပေမဲ့
အပြင်ဘက်မှာတော့ ဘာစကားသံမှ
ထွက်မလာဘဲ မျက်ရည်များက
မျက်ဝန်းအိမ်လေးထဲမှ ထွက်ချင်လာ၏

မဟာရုံခန်းထဲကို ဝင်ဝင်ချင်းမြင်လိုက်ရသည့်
မြင်ကွင်းကြောင့်
အပေါ်ကထပ်ဝတ်ထားသည့်
ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး
သူမလေးအနားသို့ သွားလိုက်ကာ
သူမရဲ့ခန္ဓာကိုယ်လေးပေါ် ခြုံပေးလိုက်ရင်း

" ဘာဖြစ်သွားသေးလဲ.."

"ဟင့်အင်း..."

စိုးရိမ်စွာဖြင့် သူမရဲ့မျက်နှာလေးကို
ဟိုလှည့်ဒီလှည့်ဖြင့်ကြည့်လိုက်ပြီး
မျက်ရည်လေးတွေ ဝဲနေသည့်သူမလေးကို
ကြည့်ရင်း စိတ်ထဲတွင်ဒေါသများထွက်လာရကာ သူမရဲ့ပခုံးလေးကနေ ဆွဲဖက်လိုက်ပြီး
ကြမ်းပြင်ပေါ်တွင် လှဲကျဟန်လုပ်နေသည့်
မာယာပုလဲ ​ကို တစ်ချက်ကြည့်ကာ..

" မင်းဘာလို့ငါ့ရုံးခန်းထဲဝင်လာတာလဲ.."

" ကိုကို..ဟင့်အင်း.."

ရုံခန်းထဲကို ဝင်လာသည့်ကိုကိုက
သူမကို ဂရုမစိုက်ဘဲ
ချစ်တေးပျိုအနားကိုသာ
သွားပြီးစိုးရိမ်နေ၏
ကြမ်းပြင်ပေါ်မှာ လှဲနေသည့်သူမကိုပင်
ဂရုမစိုက်
မာယာလည်း လှဲကျရာမှ ထလိုက်ပြီး
ကိုကိုလက်မောင်းကို ကိုင်လိုက်ကာ

" ကိုကို မာယာက ကိုကိုရုံးခန်းထဲကို
ဒီတိုင်းဝင်လာတာကို သူက
မာယာကိုရေနဲ့ပက်ပြီး အဟင့်.."

" ကျစ်!..တော်စမ်း.."

မဟာ အသံချွဲချွဲလေးဖြင့် ပြောရင်း
သူ့လက်မောင်းကို ဆုတ်ကိုင်လာသည့်
မာယာ လက်ကြောင့် ခါချလိုက်တော့
နောက်သို့အနည်းငယ်ယိုင်သွား၏

မင်းတစ်ယောက်သာ   ( OR )   ချစ်လွန်းလို့ (completed) Where stories live. Discover now