အပိုင်း ၅
အလုပ်ကိစ္စဆွေနွေးနေသော
ဘောစ့်မျက်နှာကို
တေး တစ်ချက်တစ်ချက် ခိုးကြည့်နေမိသည်
ရှင်သန့်ပြီး ကြည်လင်နေတဲ့ မျက်နှာက
ဆွဲဆောင်မှုရှိလွန်းသည်...၁၅ မိနစ်ခန့်ကြာသော်အခါ..
"ဒါဆို ကျွန်တော်တို့ အလုပ်တွဲလုပ်လို့
ရပြီးလားခင်ဗျ..""ဒါကတော့..ခင်ဗျာအပေါ်မူတည်တယ်လေ"
ခပ်ပြတ်ပြတ်ပြန်ပြောလိုက်သည့်
ဘောစ့်ရဲ့အသံက..ကြည်လင်ပြီး
ပြတ်သားလွန်းသည်..
ဘောစ့်ပြောလိုက်တော့..ထိုလူက
အလိုမကျသလိုလိုဖြင့်..သိုပေမဲ့
ဘောစ့်ရှေ့မှာမို့..ခပ်ပြုံးပြုံးဖြင့်
ဆက်ဆံနေသည့် ထိုသူ၏ ပုံရိပ်ကို
တေးအတိုင်သာ မြင်နေရ၏..ထိုလူက ဟိုကြည့်ဒီကြည့်ဖြင့်..
နောက်ဆုံး တေးကိုစူးစူးကြီးစိုက်ကြည့်လာကာ"ဒါက ဘောစ့်ရဲ့အတွင်းရေမှူးလာ..."
ထိုသူရဲ့ အကြည့်တွေက
ရမ္မက်ခိုးတွေဖြင့်ပြည့်နှက်နေ၏..
တေးထိုသူကြီးရဲ့ အကြည့်တွေကို
ကြောက်နေပေမဲ့
အလုပ်ကိစ္စကြောင့်ဘောစ့်နှင့်အတူ
လာရသည်ဆိုတော့..ဘာမှမပြောဘဲ
ခေါင်းကိုငုံ့ထားလိုက်မိသည်..
မထင်မှတ်ထားဘဲ..ဘောစ့်က.."ခင်ဗျာဘာစကားပြောတာလဲ!.."
"မင်းမြတ်မဟာလို ငယ်ငယ်ချောချော
အောင်မြင်နေတဲ့သူတစ်ယောက်က..
ဒီလို အရမ်းလှတဲ့ကောင်မလေးကို
ဘယ်ကနေ ရှာထားတာလဲ...
အရမ်းလှတာဘဲနော်
ပုံမှန်ဆို..မဟာက အတွင်းရေမှူး
မထားတတ်ဘူးလို့ ကြားတာဘဲ...
အထူးသဖြင့် မိန်းကလေးတွေကိုပေါ့..
ခုတော့..မဟုတ်တော့ဘူးနော်..
ဘယ်လိုဖြစ်ပြီးတော့..သူက.."" ခင်ဗျာ စကားကို ဒီမှာတင်ရပ်လိုက်ရင်
ကောင်းမယ်နော်..""အဟွန်း..ဘာဖြစ်လို့လဲ..
မကြိုက်လို့လား..ဟားဟား.."မဟာ သူမကိုအထင်သေးစွာဖြင့်
ပြောနေသည့် ထိုသူကို ကြည့်ကာ..
ဒေါသက ထွက်လာရသည်.."ကျစ်..!.."
မဟာထိုသူကို စိတ်ပျက်စွာကြည့်ပြီး
သူမရဲ့လက်ကိုကိုင်လိုက်ကာ
ထိုနေမှ ထရပ်လိုက်သည်..
YOU ARE READING
မင်းတစ်ယောက်သာ ( OR ) ချစ်လွန်းလို့ (completed)
Romance"မင်းသိလား ကိုယ် မင်းကလွဲပြီး ဘယ်မိန်းကလေးကို ကြည့်လည်းမကြည့်ဖူးဘူး.. စိတ်လည်း မဝင်စားဘူး..ဒါပေမဲ့..မင်းနဲ့တွေ့မှ ကိုယ်ရူးလောက်အောင်ချစ်မိနေတာ.." အသက်ငယ်ငယ်ဖြင့် အောင်မြင်ကျော်ကြားသော YMKကုမ္ပဏီ၏CEO မင်းမြတ်မဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်န...