🌺 မင်းတစ်ယောက်သာ 🌺
အပိုင်း ၁၇
ဘောစ့်ကဘယ်ကို သွားနေသည်မှန်း
မသိပေမဲ့..ကားနောက်ခန်းထဲတွင်
ငြိမ်ငြိမ်လေးသာ လိုက်လာခဲ့သည်..
ကားမှန်ကို ချထားကာ..အပြင်ဘက်ကို
ကြည့်နေသည့် ဘောစ့်ရဲ့မျက်နှာက
ခန့်ငြားလွန်းလှသည်..
တစ်ချက်တစ်ချက် ဘောစ့်ကို မသိမသာ
ခိုးကြည့်ရင် တစ်ယောက်ထဲရင်ခုန်နေမိသည်သူ့ဘေးက သူမလေးက
မလှုပ်မယှက်ဖြင့် ငြိမ်နေသည်မို့..
ကြည့်လိုက်တော့..
သူမရဲ့လက်ချောင်းလေးတွေကို
တစ်ဖက်ဖြင့်တစ်ဖက် ကုပ်ဖဲ့လို့နေ၏..
သူမရဲ့ပုံစံလေးကို ကြည့်ရင်းဖြင့်
ချစ်စရာကောင်းလွန်းသည့် သူမလေးကြောင့်
ဟွန်းခနဲ ပြုံးလိုက်သည်"ကျွီး...."
ကားလေးက ကျွီးခနဲထိုးရပ်သွားခါမှ
အပြင်ဘက်ကို အသာလေးလှမ်းကြည့်လိုက်သည်
ထိုနေရာက လှပလွန်းနေသည်မို့
မြင်လိုက်ရသည့် မြင်ကွင်းကိုပင်မယုံနိုင်
ရောင်စုံပန်းလေးတွေက လေထဲတွင်
ယိမ်းထိုးနေကာ လှပလွန်းလှ၏..
လေဖြူးဖြူးလေးတွေ တိုက်ခတ်လိုက်တိုင်း
မွှေးပျံ့သော ရံနံ့လေးကြောင့် စိတ်ကိုပင်
ကြည်လင်လန်းဆန်းသွားစေ၏ကားတံခါးကို အသင့်လှပ်ထားကာ
တေးဆင်းဖို့ လက်ကမ်းထားသည့်
ဘောစ့်ရဲ့ လက်တစ်စုံကြောင့်..
တေးနှခမ်းတွေက ကွေးညွှတ်သွားအောင်
ပြုံးလိုက်ပြီး..ဘောစ့်လက်ကို
ကိုင်ကာ ကားပေါ်မှဆင်းလိုက်၏.." သဘောကျရဲ့လား.."
" ဟင်..."
တိုးတိုးလေးဖြင့် နားနားသို့ကပ်ပြောလိုက်
သည့် ဘောစ့်ကြောင့် လှည့်ကြည့်လိုက်ရင်း..
နောက်သို့အနည်ငယ်ဆုတ်လိုက်ကာ..
သွားတန်းလေးတွေပေါ်အောင်
ပြုံးပြလိုက်ရင်း
ခေါင်းလေးညိမ့်လိုက်သည်" အွန်း..."
" လာ အထဲဝင်ရအောင်နော်.."
တေးလည်း ဘာမှမပြောတော့ဘဲ
ဘောစ့်နောက်သာ လိုက်လာခဲ့သည်
ရောင်စုံပန်းများ၏ အလယ်တွင်
တောက်ပြောင်နေသော ကျောက်စရစ်ခဲလေးများကို လမ်းခင်းထားပြီး..
ပန်းခင်းများ၏ အလယ်တွင်
သေသပ်စွာ စီရီထားသော စားပွဲလေးတစ်ခု
YOU ARE READING
မင်းတစ်ယောက်သာ ( OR ) ချစ်လွန်းလို့ (completed)
Romance"မင်းသိလား ကိုယ် မင်းကလွဲပြီး ဘယ်မိန်းကလေးကို ကြည့်လည်းမကြည့်ဖူးဘူး.. စိတ်လည်း မဝင်စားဘူး..ဒါပေမဲ့..မင်းနဲ့တွေ့မှ ကိုယ်ရူးလောက်အောင်ချစ်မိနေတာ.." အသက်ငယ်ငယ်ဖြင့် အောင်မြင်ကျော်ကြားသော YMKကုမ္ပဏီ၏CEO မင်းမြတ်မဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်န...