အပိုင်း ၇
" ဒိန်း!...ဒိန်း.!.."..
" အား.!.."
ကျယ်လောင်သည့် သေနတ်သံကြောင့်
တေးကြောက်လန့်စွာဖြင့်..
နားကိုပိတ်ကာ..ခေါင်းငုံ့ထားလိုက်သည်..မဟာ..နောက်ကလိုက်လာသည့်ကားရဲ့
အခြေအနေကို ဘက်မှန်ကနေ
တစ်ချက်ကြည့်လိုက်ရင်း..
ကားကို အရှိန်ပိုမြင့်ကာ မောင်းလိုက်သည်
ကားလမ်းလေးက တဖြေးဖြေးဖြင့်
တောလမ်းဘက်သို့ ရောက်လာသည်မို့..
ပို၍ပင် လူပြတ်ပြီး.တိတ်ဆိတ်နေ၏.." ဘယ်ရောက်သွားပြီးကားက..
တောက်!.."" ဟာ အကိုကြီး..
ဟိုမှာ ကားချောက်ထဲပြုတ်ကျနေတယ်.."" ဘာ!..လာသွားကြည့်မယ်.."
အနက်ရောင် ဝတ်စုံဖြင့်..
လူ ၅ ယောက်က..ချောက်ထဲက ကားကို
မြင်သည်နှင့်..ကားပေါ်မှ အမြန်ခပ်သုတ်သုတ် ဆင်းလာပြီး
ချောက်ကမ်းဘာအနားသို့..ရောက်လာတော့." ဘုန်း.!..ဝုန်း!.."
နက်မှောင်ပြီး တောက်ပြောင်နေသည့်
ကားအသစ်လေးက သစ်ပင်ကို
အရှိန်ဖြင့် ဝင်တိုက်ထားသည့်နှယ်..
ချောက်ကမ်းဘာအနားသို့ ထိုလူ၅ ယောက်
ရပ်ပြီး အကဲခတ်နေတုန်းမှာပင်..
သစ်ပင်ကို ဝင်တိုက်ထားသည့်ကားက
ဝုန်းကနဲ့ မီးများတောက်လောင်သွားခဲ့သည်..ထိုမြင်ကွင်းကိုကြည့်ကာ..
အကြီးဆုံး လူတစ်ယောက်က..
အိပ်ကပ်ထဲမှ ဖုန်းကို ထုတ်ကာ.."....Ring...Ring..."
"သခင်ကြီး.._________"
တစ်ဖက်မှာတော့..
အနက်ရောင်ဝတ်စုံဖြင့်လူတစ်ယောက်က
ကုမ္ပဏီရှေ့မှာ ဟိုလျှောက်လျှောက်
ဒီလျှောက်လျှောက်ဖြင့်..တစ်ခုခုကို
စိုးရိမ်နေ၏.." Ring..Ring..."
ဖုန်းလာသံကြောင့် ခပ်မြန်မြန် ဖုန်းကို
ထုတ်ကိုင်လိုက်ကာ..
တစ်ဖက်က ပြောလာသည့်စကားကြောင့်.." ဘာ!...အကိုလေး ကို ရှာမတွေ့ဘူး..
ဟုတ်လား..ကျစ်..!.."အလိုမကျစွာဖြင့် ဖုန်းကို ချလိုက်ကာ
အိပ်ကပ်ထဲကို ဖုန်းကိုပြန်ထည့်လိုက်သည်..
တကယ်တော့ သူက
သခင်လေး မင်းမြတ်မဟာရဲ့ လူယုံတော်
လက်ထောက်လည်းဖြစ်သလို
ကိုယ်ရံတော်လည်းဖြစ်သည်..
သူက အကိုလေးရဲ့ အယုံကြည့်ရဆုံး
လက်ထောက် မိုက်ခ် ပင်..
အကိုလေးက သူ့အပေါ် မှာ ငယ်ငယ်ခနဲက
ညီတစ်ယောက်လို ချစ်ခင်ပြီး
ဂရုစိုက်ပေးသည်မို့..သူ့ရဲ့ကျေးဇူးရှင်ဆိုလည်းမမှား....
YOU ARE READING
မင်းတစ်ယောက်သာ ( OR ) ချစ်လွန်းလို့ (completed)
Romance"မင်းသိလား ကိုယ် မင်းကလွဲပြီး ဘယ်မိန်းကလေးကို ကြည့်လည်းမကြည့်ဖူးဘူး.. စိတ်လည်း မဝင်စားဘူး..ဒါပေမဲ့..မင်းနဲ့တွေ့မှ ကိုယ်ရူးလောက်အောင်ချစ်မိနေတာ.." အသက်ငယ်ငယ်ဖြင့် အောင်မြင်ကျော်ကြားသော YMKကုမ္ပဏီ၏CEO မင်းမြတ်မဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်န...