Part 8 (Uni / ZG)

13.4K 246 2
                                    

အပိုင်း     ၈

" ဒီမှာ နားနော် ကလေးတို့..
လွတ်လွတ်လပ်လပ်နေနော်..."

အိမ်ရဲ့မလှမ်းမကမ်းနေရာတွင် ရှိသော
တဲလေးကို ထိုအန်တီကြီးက..
လိုက်ပို့ပြီး..ထွက်သွား၏..
တဲလေးထဲတွင်တော့..ကျယ်ပြန့်ပြီး..
ဖျားတစ်ချပ်နှင့်..ခေါင်အုံး နှစ်လုံး၊ စောင်
တစ်ထည်ဖြင့်..အိပ်ဖို့နေရာက
နှစ်ယောက်စာသာ ရှိပြီး တဲလေးက..
သေးပေမဲ့..လုံလုံခြုံခြုံပင်..

" မင်း..ပင်ပန်းနေပြီလား.."

" ဟုတ်..ရပါတယ်...
ဒါပေမဲ့..ဘောစ့်..အိုး..."

ရုတ်တရတ်ခါးကနေ ဆွဲဖက်ခံလိုက်ရသည်မို့
တေးတစ်ယောက် ဘောစ့်ရင်ခွင်ထဲ
အလိုလိုရောက်သွားမိပြန်သည်..
တင်းကျပ်စွာ ဖက်ထားခြင်း ခံရသည်မို့
ရုန်းလို့လည်း မရ..

" ရူး.."

" ဟင်.."..

ဘောစ့်ရဲ့ ယောကျ်ားတန်းမဲ့ သေးသွယ်သည့်
လက်ချောင်းလေးတွေက နှခမ်းပေါ်ဖိပြတော့
နားမလည်နိုင်စွာဖြင့်..

" တိုးတိုး...
တခြားသူတွေ မင်းဘောစ့်လို့ခေါ်တာ
ကြားသွားရင် ဘယ်လိုထင်မလဲ.."

" ဘာဖြစ်လို့လဲ... ဘောစ့်..
အွန့်.."

ရုတ်တရတ် တေး နှခမ်းကို
ဖိကပ်နမ်းခံလိုက်ရတော့..
တေးတစ်ယောက် မျက်လုံးများပင်
ပြူးသွားရသည်...

" ကိုယ့် ချစ်ဇနီးလေး
ပင်ပန်းနေပြီလား..."

ဘောစ့်ရဲ့ ထူးဆန်းအပြုအမူကြောင့်
တေး အံအားသင့်စွာဖြင့်
ကြောင်ကြောင်ကြီးကြည့်နေတုန်းမှာပင်

" အဟင်း...
ကောင်းကောင်း နားကြနော်..
ဒီမှာ လဲဖို့အဝတ်တွေ...ဆပ်ပြာလည်းပါတယ်
ဟိုနားလေးမှာ ချောင်းလေးရှိတယ်နော်..
ပင်ပန်းနေလိမ့်မယ်နော်ကလေးတို့
ရေချိုးလိုက်နော်..."

အန်တီကြီးဝင်လာတော့....
တေးလည်း ဘာမှမပြောတော့ဘဲ..
အန်တီကြီးကို ပြုံးပြလိုက်ရင်း
ခေါင်းလေးသာ ညိမ့်ပြလိုက်သည်..
အန်တီကြီးကတော့ ဘယ်လိုထင်သွားလည်း
မသိပေမဲ့..တေးကတော့..ရှက်လွန်းလို့
ပါးများပင် ပူလာရသည်..

မင်းတစ်ယောက်သာ   ( OR )   ချစ်လွန်းလို့ (completed) Where stories live. Discover now