Part 22 (Uni/ZG)

20.7K 243 4
                                    

🌺 မင်းတစ်ယောက်သာ 🌺

အပိုင်း   ၂၂ { ဇာတ်သိမ်းပိုင်း }

" ဝေါ့...အော့.."

ခုတလော တေးတစ်ယောက်
ခဏခဏပျို့တက်လာရကာ
အန်ချင်လာသည့်မို့ ဘေစင်နားသွားကာ
အန်လိုက်သည်
ကိုယ့်ဘာသာကိုယ်လည်း သိပ်မသင်္ကါချင်သည်မို့ မနေ့ကဝယ်လာသည့်
ဆီစစ်တံလေးကို
ယူကာ ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်

ဆီစစ်တံလေးကို သေချာကိုင်ရင်း
သက်ပြင်းလေးအသာချကာ
သူ့လုပ်ဆောင်ရမည့် အဆင့်လေးအတိုင်း
လုပ်လိုက်၏
စိတ်ထဲတွင်လည်း စိတ်လှုပ်ရှားနေမိသည်မှာ
အမှန်ပင်
ဂါဝန်အပါးလေးအောက်က ဗိုက်ကလေးကို
အသာပွတ်ရင်း စိတ်လှုပ်ရှားစွာဖြင့်
အဖြေကိုစောင့်နေမိသည်

" ဟင်..."

ဆီစစ်တံလေးပေါ်က
မျဥ်းကြောင်း အနီလေးနှစ်ကြောင်းကြောင့်
တေးမင်သက်စွာကြည့်ရင်း
ဝမ်းသာလွန်းလို့ မျက်ရည်ကြည်လေးများ
ဝဲတက်လို့လာ၏
ဒါက ဘောစ့်သိရင် ပျော်မှာလား
တေးလည်း ဗိုက်လေးကို ဖွဖွလေးပွတ်ရင်း
ရင်ထဲမှာ ကြည်နူးနေမိသည်
ထို့ကြောင့် ​ဘောစ့်ပြန်အလာကို စောင့်ရန်
အိမ်အောက်ထပ်သို့ ဆင်းလာလိုက်ကာ
ခြံထဲရှိ ပန်းခင်းလေးအနားတွင်
ဟိုလျှောက်လိုက်ဒီလျှောက်လိုက်ဖြင့်
ဗိုက်ကလေးကို အသာပွတ်ရင်း
ပြုံးပျော်နေသာက တေးရယ်သာ ..

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

" မာယာပုလဲ!..
မင်းဘာလုပ်လိုက်တာလဲ ဟမ်....
ခုတော့ YMK ကုမ္ပဏီနဲ့ ပူပေါင်းထားတဲ့
Project လဲပျက် ၊ မိတ်လည်း ပျက်
ခုဆို ငါတို့ ကုမ္ပဏီမှာ ရှယ်ယာဝင်ထားတဲ့
သူတွေအကုန် ထွက်သွားကြပြီး...
မကြာခင် ငါတို့ ဒေဝါလီ ခံရတော့မှာ.."

" ဖေဖေကလည်း မာယာက.."

" တိတ်စမ်း...ခုချက်ချင်း
နိုင်ငံခြားကို ပြန်တော့.."

ဦးမြတ်သော်၏ မျက်နှာတစ်ခုလုံးလည်း
ဒေါသကြောင့် နီမြန်းနေကာ
အမြဲတမ်းအလိုလိုက်လာခဲ့သည့်
သမီးကြောင့် ခုတော့ အရာအားလုံး
ပျက်စီးရ၏
မင်းမြတ်မဟာကို ရန်သွားစမိတဲ့
သူ့ကိုယ်သူလည်း နောက်တရလို့ မဆုံး

မင်းတစ်ယောက်သာ   ( OR )   ချစ်လွန်းလို့ (completed) Where stories live. Discover now