Part 16 (Uni/ZG)

11.4K 208 4
                                    

အပိုင်း    ၁၆

တေးတစ်ယောက် မနေ့ကအဖြစ်အပျက်ကိုတွေးလိုက်တိုင်း..ရန်ခုန်နေဆဲပင်
ပုံမှန်အတိုင်း ကုမ္ပဏီကိုလာခဲ့ပေမဲ့
ဝန်ထမ်းမလေးတွေရဲ့ ထူးထူးဆန်းဆန်း
အကြည့်တွေက
တေးကိုခြောက်လန့်နေသလိုလို

" သူအလုပ်ပြုတ်တော့မယ် ထင်တယ်"

" ဟွန့်ဟုတ်မှာပေါ့.."

ဝန်ထမ်းမလေးတွေထံမှ သူမကို
ငဲ့စောင်းစောင်းကြည့်ရင်း
ပြောနေသည့်စကားကြောင့် တေးရင်ထဲတွင်
စိုးရိမ်စိတ်များက ကြီးစိုးလာ၏..
ဘာကြောင့်ပင်မသိ သူမဝင်လာခနဲက
သူမကို အကုန်လုံးက စူးစူးကြီးစိုက်ကြည့်
တိုးတိုးတိုးတိုးဖြင့် ပြောနေသည်မို့
တေးရင်ထဲတွင် မတင်မကျဖြင့်

တေးလည်း ဘောစ့်ရုံခန်းရှေ့ရောက်သည်နှင့်
မတင်မကျဖြစ်နေသည့် စိတ်က
ပို၍တင်းကျပ်လာ၏..
တေးထိုင်နေကျ စားပွဲလေးက
ဘောစ့်ရုံခန်းရှေ့တွင် မရှိတော့ချေ..

'ဘာဖြစ်သွားတာလဲ...
တေး...တေး..တကယ်ဘဲ တခြားသူတွေ
ပြောသလို အလုပ်ပြုတ်သွားတာလား..'

ခဏလေးအတွင်း ခေါင်းထဲတွင်
အတွေးပေါင်းစုံက ဝင်ရောက်လာပြီး
ရင်ဘတ်ထဲက တင်းကျပ်စွာခံစားလာရပြီး
မျက်ဝန်းအိမ်လေးကလည်း
မျက်ရည်များဖြင့် ပြည့်နှက်လာ၏..
မျက်ဝန်းထဲက မျက်ရည်များကို
ပုတ်ခတ်ပုတ်ခတ်ဖြင့် မျက်တောင်လေးဖြင့်
ပုတ်ထုတ်လိုက်ပြီး
ဘောစ့်ရုံခန်းတံခါးကို မရဲတရဲ လှပ်လိုက်ကာ
ဝင်ခဲ့လိုက်သည်..
ရင်ထဲတွင်တော့ စိုးရိမ်နေပြီး
ဝမ်းနည်းသည့်စိတ်က ကြီးစိုးနေ၏
ခေါင်းကို ငုံ့ထားရင်း ကိုယ့်စိတ်ကို
အားတင်းကာ

" တေးကို အလုပ်ထုတ်လိုက်တာလား.."

" ဟင်..ဘာပြောလိုက်တာ ကလေး.."

မဟာ ရုံခန်းထဲကို
ခေါင်းတငုံငုံဖြင့် ဝင်လာကာ
အသံလေးက တိုတုလေးဖြင့်ပြောလိုက်သည့်
သူမရဲ့ စကားကြောင့် နားမလည်စွာဖြင့်
သူမကိုကြည့်ရင်း

" တေးဘာလုပ်မိလို့ တေးကို
အလုပ်ထုတ်ရတာလဲ လို့..အဟင့်.."

ပြောရင်းဖြင့် ငိုသံလေးတွေပါလာသည့်
သူမလေး​ကြောင့် မဟာ နားမလည်စွာဖြင့်
သူမအနားသို့ သွားလိုက်ကာ..

မင်းတစ်ယောက်သာ   ( OR )   ချစ်လွန်းလို့ (completed) Where stories live. Discover now