Part 3 ( Uni/ZG)

18K 344 2
                                    

အပိုင်း   ၃

တေးတစ်ယောက် ဘောစ့်က
အလုပ်ကိစ္စဖြင့် ခရီးထွက်မယ်ဟု
ဆိုသောကြောင့် တေးလည်း
လိုအပ်သော စာချုပ်စာတန်း ၊ ဖိုင် များကို
အသေအချာထည့်ကာ..
ကုမ္ပဏီအောက်ဆင်းလာခဲ့သည်..
အောက်ကိုရောက်တော့..
လေယဥ်ကွင်းကို ပို့ပေးမည့်ကားသမားက
အသင့်ရောက်နေပြီးမို့..

"မင်္ဂလာပါရှင်.."

"ဟုတ်ကဲ့..လိုက်မဲ့သူကကော.."

"ဟုတ်ကဲ့ ဘောစ့်ကလာနေပါပြီနော်..
ခဏလေးတော့စောင့်ပေးပါရှင့်..."

တေးလည်း ကားဆရာဦးလေးကြီးကို
ပြောပြီး တင်ရမည့် ပစ္စည်းတွေကို
စစ်ကာ

"ပစ္စည်းလေးတွေ တင်လို့ရပါပြီရှင့်"

ကားဆရာ ပစ္စည်းတွေ တင်တာကို
ကြည့်ကာ ဘောစ့်အလာကို စောင့်နေမိသည်
ဘောစ့်က ခရီးထွက်မှာဆိုတော့..
တေးက နားရမှာပေါ့နော်..အဟီး..
ကိုယ့်ဘာသာ တစ်ယောက်ထဲတွေးရင်း
တေးတစ်ယောက် ပြုံးပျော်နေမိသည်..
ခဏကြာတော့ ဘောစ့် တေးအနားသို့
ရောက်လာခဲ့သည်
တေးလည်းဘောစ့်ကို စာရွက်စာတန်းတွေ
ထည့်ထားနဲ့ အိပ်ကို ရိုသေစွာပေးလိုက်ရင်း

"ဒီမှာပါရှင့်..အဆင့်သင့်​​​ဖြ​စ်ပါပြီ.."

"မင်းအရင်တက်လေ.."

ရုတ်တရတ် ပြောထွက်လာသည့်
ဘောစ့်ရဲ့စကားကို နားမလည်စွာဖြင့်
တေးတစ်ယောက်..ဘောစ့်ကို
ကြောင်ကြောင်ကြီး ရပ်ကာကြည့်နေမိသည်.

"ရှင်.."

"မင်းအရင်တက်လို့ပြောတာ..
မင်းလိုက်ရမယ်လေ...."

"ရှင်.."

ဘောစ့်အခုပြောနေသည့် စကားများကို
တေးလုံးဝနားမလည်ပါ..
ဘာကိုဆိုလိုတာလဲ..တေးက
ဘောစ့်နဲ့အတူ ခရီးထွက်ရမှာလား...

သူပြောသည့်စကားကို
နားမလည်ဘဲ သူ့ကိုသာ ကြောင်ကြောင်ကြီး
ရပ်ကြည့်နေသော သူမကို..
မဟာတစ်ယောက် သေချာကြည့်ရင်း

"မင်း..ကိုယ်နဲ့ ဘန်ကောက်ကို
အလုပ်ကိစ္စနဲ့လိုက်ခဲ့ရမယ်.."

"ဒါပေမဲ့ ဘောစ့်က တေးလိုက်ရမယ်လို့မှ
မပြောတာ..ခုတေးဘာမှ
မပြင်ဆင်ရသေးဘူးလေ..ဘောစ့်"

မင်းတစ်ယောက်သာ   ( OR )   ချစ်လွန်းလို့ (completed) Where stories live. Discover now