Part 13 (Uni/ZG)

12.6K 239 0
                                    

🌺 မင်းတစ်ယောက်သာ 🌺

အပိုင်း    ၁၃

" မိုက်ခ် မင်းတို့ ငါ့ရုံခန်းထဲအထိ
လိုက်မလာနဲ့ ငါကြိုပြောထားတာ
အောက်မှာဘဲစောင့်..ငါခေါ်မှလာ..."

" ဗျာ.."

မိုက်ခ် အမြဲလိုလိုသခင်လေးအနားမှာ
စောင့်ရှောက်ပေးနေရသည်မှာ
၁၀ နှစ်ပင် ပြည့်တော့မည်..
ဒီလိုစကားမျိုးကို သခင်လေးဆီက
ဒါပထမဆုံးကြားဖူးတာပင်
သခင်လေးစကားဆို အမြဲလိုက်နာတတ်သူမို့
ဘာမှ မပြောတော့ဘဲ ခေါင်းငုံ့ကာ
အရိုအသေပေးလိုက်သည်..

" ဘောစ့်...ဒါကမကောင်းဘူးထင်တယ်နော်.."

မဟာ သူမလက်ကိုဆွဲကာ..ကုမ္ပဏီထဲ
ဝင်မည်လုပ်နေတာကြောင့်...
မျက်နှာလေးဆူပုတ်ကာ အင်တင်တင်လုပ်
နေသည့်သူမလေးကြောင့်..

" ဘာဖြစ်လို့လဲ..မင်းကကိုယ့်အပိုင်ဆိုတာ
အားလုံးသိသွားရအောင်လို့လေ..."

" ဟင့်အင်း..
ဘောစ့်..တေးရဲ့လက်ကိုလွှတ်လိုက်ပါ
တေးဒီတိုင်လိုက်ခဲ့ပါမယ်နော်.."

" ကိုယ်မင်းကိုတစ်ခုဘဲမေးမယ်..
မင်းကိုယ့်နောက်ကို ကောင်းကောင်းလိုက်မှာလား ကိုယ်ပွေ့ချီရမှာလား.."

" အိုး..ဟင့်အင်း.... "

ခေါင်းလေးခါပြီး ငြင်းနေသည့်သူမလေးက
ကလေးတစ်ယောက်လို ဂျစ်ကန်ကန်ပင်

" ဒါဆို ကိုယ်နဲ့ကောင်းကောင်းလိုက်ခဲ့.."

သခင်လေးများ ချစ်သူလေးတစ်ယောက်ရပါတယ် အကဲကိုပိုတယ် ချစ်တတ်လွန်းသူကြီး
ကောင်မလေးမရှိတဲ့ငါ့ကိုလှောင်နေသလိုဘဲ..
ပါးစပ်က ထုတ်မပြောရဲသည်မို့
မိုက်ခ် သခင်လေးကိုကြည့်ကာ..
စိတ်ထဲကနေသာ ပွစိပွစိရွှတ်နေမိသည်..
ဒါကိုသခင်လေးမြင်ရင်..သူ့ကို
အပြစ်ပေးတော့မည်မှာ အမှန်..

တေး ကုမ္ပဏီထဲကို ဘောစ့်နှင့်အတူ
ဝင်သွားရမည်ဆိုတော့..
တေးရင်ထဲတွင်တော့ တထိတ်ထိတ်ပင်
မလိုက်ချင်လို့ ငြင်းပေမဲ့..
ငြင်းဆန်းလို့မရသည်ကြောင့်..
ဘောစ့်နောက်ကနေသာ ကုတ်ကုတ်လေး
လိုက်လာခဲ့သည်..
တေးထင်သည့်အတိုင်းပင်..
တေးတို့ ကုမ္ပဏီထဲကို ဝင်သည်နှင့်
ကုမ္ပဏီထဲက လူတွေအကုန်လုံးက
တေးဆီကိုသာ
စူးစူးကြီးစိုက်ကြည့်မည်ဆိုတာပင်

မင်းတစ်ယောက်သာ   ( OR )   ချစ်လွန်းလို့ (completed) Où les histoires vivent. Découvrez maintenant