Part 15 (Uni/ZG)

12.2K 223 3
                                    

အပိုင်း   ၁၅

" မင်းက ချစ်တေးပျိုလား.."

ခပ်မာမာမေးလာသည့် အသံကြောင့်
တေးလည်း ဒူးတွေပါတုန်ချင်လာရသည်..
ကြောက်နေပေမဲ့ တေးရဲ့လက်ကို
ဆုတ်ကိုင်ထားသည့် ဘောစ့်ကို
တစ်ချက်ကြည့်လိုက်တော့..တေးကို မျက်တောင်ခက်ပြရင်း
ပြုံးပြနေသည့် ဘောစ့်ကြောင့်..
တေးလည် အသာပြန်လည်ပြုံးပြရင်း..
ဘွားဘွားဘက်ကို ပြန်လှည့်လာလိုက်ကာ

" ဟုတ်...ဟုတ်ကဲ့ရှင့်.."

သူမပြောလိုက်ပေမဲ့ သဘောကျဟန်မရှိဘဲ

" မင်းကို ငါ့မြေးနဲ့ သဘောမတူနိုင်ဘူး..!"

" ရှင်.."

" တကယ်လို့ ငါမေးတဲ့မေးခွန်းကိုဖြေနိုင်ရင်တော့ ငါစဥ်စားပေးမယ်.."

ဖွားဖွားရဲ့ စကားကြောင့်
တေးဘာပြန်ပြောရမည်ပင်မသိ..

" မင်း ငါ့မြေးကိုချစ်လား.."

" ရှင် "

ဖွားဖွားရဲ့ မေးခွန်းကြောင့်
တေးရှက်လွန်းလို့ ပါးလေးတွေ
ပူတက်သွားရကာ..
ဘာပြန်ပြောရမှန်းမသိတာမို့
ခေါင်းလေးသာငုံ့ထားလိုက်မိသည်..

" မင်းက ငါ့မြေးကိုမချစ်ဘူးလား..
မြေးလေးပြောတော့ မင်းနဲ့သူနဲ့က
ချစ်သူတွေဆို..ဘာလဲ မချစ်ဘူးလား.."

" မဟုတ်ရပါဘူး..ဖွားဖွား.."

သူမရဲ့ စကားကြောင့် ဖွားဖွားဆိုသူက
ပြုံးရောင်သန်းသွားသည်မို့...
တေးလည်း ဖွားဖွားကို ပြုံးပြလိုက်ကာ

" ဒါဆိုဘာလဲ ငါ့မြေးကိုချစ်တာလား
မချစ်ဘူးလား..ဒါဘဲပြော.."

တကယ်တော့ တေးဘောစ့်ကို
ချစ်မိနေတာ ကြာပါပြီ...
ဘောစ့်မေးတိုင်းလည်း ရှက်လွန်းလို့
မဖြေဘဲ ဒီတိုင်းနေခဲ့တာ ခုတော့
တေးအမှန်တိုင်း ဝန်ခံရတော့မည်ပင်

" ဟုတ် တေးဖွားဖွားမြေးကို
ချစ်ပါတယ်.."

သူမလေးရဲ့ စကားကြောင့်
မဟာ နှခမ်းတွေက သွားတန်းလေးတွေ
ပေါ်အောင် ပြုံးလိုက်ကာ..
သူမရဲ့ ပခုံးမှ ငြင်းသာစွာဖြင့်
သူ့ဘက်သို့ ဆွဲလှည့်လိုက်ရင်း

မင်းတစ်ယောက်သာ   ( OR )   ချစ်လွန်းလို့ (completed) Where stories live. Discover now