Part 14 (Uni/ ZG)

12.2K 224 3
                                    

🌺 မင်းတစ်ယောက်သာ 🌺

အပိုင်း      ၁၄

" မင်းထွက်သွားစရာမလိုဘူး..."

ဒီလောက်လှပနေသည့် အမျိုးသမီးနှင့်
ဘောစ့်နဲ့က တစ်ခုခုသက်ဆိုင်နေသလိုလို
တွေးရင်းနှင့် ဘာကြောင့်ပင်မသိ
ရင်ထဲကနာကျင်လာရကာ..
မျက်ရည်လေးတွေ ဝဲတက်လာရသည်..

" ဘာ ကိုကို...."

သူမကို စူးစူးဝါးဝါးစိုက်ကြည့်နေသည့်သူက
သူမသိပ်ချစ်ရသည့် သူတစ်ယောက်
သူမဘယ်လောက်ကြိုးစားကြိုးစား..
ကိုကိုကဖြင့် သူမကိုနည်းနည်းမှဂရုမစိုက်
မိန်းကလေးတိုင်း အသဲစွဲအောင်
ချစ်ရသူက မိန်းကလေးတွေဆို
စိတ်မဝင်စားတတ်..သို့သော်..
ခုတော့တခြားစီပင်..
ဘာမဟုတ်သည့် မိန်းကလေးတစ်ယောက်ကို
ကာကွယ်ပေးနေသည်က
သူမဟုတ်သည့်အတိုင်ပင်..

" ထွက်သွားရမှာက မင်းထင်တယ်နော်...
ငါ့မှာအဲ့လောက်အချိန်မပေါဘူး...."

" ဟင့်အင်း မထွက်သွားပါဘူး..
ကိုကိုက ဘာလို့မာယာကိုနှင်ထုတ်နေရတာလဲ"

" အလုပ်ကိစ္စကြောင့်လာတာဆိုရင်
အစည်းအဝေးလုပ်ခိုင်းလိုက်မယ်...
ကိုယ်ရေးကိုယ်တာကိစ္စဆိုရင်တော့..
ထွက်သွားတာအကောင်းဆုံးဘဲ...."

" ကိုကို!.."

တေးကို ကိုက်စာဝါးမျိုးတော့မည့်မတတ်
စိုက်ကြည့်နေသည့် မာယာပုလဲ၏..
အကြည့်တွေကြောင့် ခေါင်းလေးကို
အတင်းငုံ့ထားလိုက်မိသည်..
တေးရဲ့လက်တွေကို ဆုတ်ကိုင်ထားသည့်
ဘောစ့်ရဲ့လက်များကို တွန်းဖယ်ပေမဲ့
တွန်းဖယ်လို့မရသည်ကြောင့်
တေးတော့ ကြောက်လွန်းလို့...
ချွေးစောများပင် ပြန်လာရသည်..

" ကိုကို အကြောင်းကိုသိရသလောက်ဆိုရင်
ကိုကိုက မိန်းကလေးတွေဆို အနားမှာ
မထားတတ်ဘူးမဟုတ်ဘူးလား..
အခုဘာလို့ သူက
ကိုကို့အနားမှာရှိနေရတာလဲ
သူနဲ့ကိုကိုက ဘယ်လိုပက်သတ်တာလဲ!..."

" ငါသဘောမကျတဲ့ မိန်းကလေးတွေထဲမှာ
သူမပါဘူး..အဲ့ဒါမင်းသိထားဖို့.."

" သူက ဘာမို့လို့ ကိုကိုက
ဒီလောက်ထိဖြစ်နေတာလဲလို့...
မာယာကကော..မာယာကိုကျ ဘာလို့ကိုကိုက
ဂရုမစိုက်ရတာလဲ..."

မင်းတစ်ယောက်သာ   ( OR )   ချစ်လွန်းလို့ (completed) Where stories live. Discover now