Part 9 (Uni/ZG)

13.3K 267 1
                                    

🌺  မင်းတစ်ယောက်သာ  🌺

အပိုင်း    ၉

မဟာတစ်ယောက် ရေချိုးပြီး
လျှော်ထားသည့် အဝတ်တွေကို
အဝတ်တန်းမှာ လှမ်းလိုက်ကာ..
တဲနားကို ပြန်လာခဲ့သည်..
တဲထဲတွင် ထမင်းပန်းကန်များ ၊
ဟင်းပန်းကန်များ ပြင်ဆင်နေသော
သူမကို မြင်တော့..မဟာတစ်ယောက်
သဘောကျစွာ ပြုံးလိုက်သည်..

ထမင်း၊ဟင်း ခူးခပ်ကာ ပြင်ဆင်နေသည့်
သူမရဲ့ပုံစံလေးက
ချစ်စရာကောင်းလွန်းသည်..
အင်္ကျီအပွလေးဖြင့် ထဘီကို ဝတ်ထားသည့်
သူမပုံစံလေးက တစ်မျိုးလေးပင်

မဟာလည်း တဲထဲကိုဝင်လာရင်း..
ချောင်းဟန့်လိုက်သည်

" အဟမ်း.."

ချောင်းဟန့်သံကြောင့် တေးလည်း
ထမင်း ၊ ဟင်းပြင်ဆင်နေရင်း
မော့ကြည့်လိုက်တော့
ဘောစ့်ရောက်နေပြီဖြစ်သည်..
တေးလည်း ပြင်ဆင်ပြီးပြီးမို့

" ဘောစ့်...
စားလို့ရပြီနော်..စောနက
အန်တီကြီး လာပေးသွားတာ.."

" အွန်း.."

မဟာလည်း ဘာမှမပြောဘဲ..
ကွပ်ပစ်လေးပေါ် ထိုင်ချရင်း..
ပြင်ဆင်ထားသည့် ထမင်း နှင့် ဟင်းကို
ကြည့်ကာ..ပြုံးလိုက်သည်
သူမကိုကြည့်လိုက်တော့..
မထိုင်သေးဘဲ..ရပ်နေသည့် သူမကြောင့်

"ဘာရပ်လုပ်နေတာတုန်း...
မင်းလည်း လာစားလေ.."

သူပြောလိုက်ခါမှ ကွပ်ပစ်လေးပေါ်
လာထိုင်သည့်သူမကို ကြည့်တော့..
ဘာမှမပြောဘဲ..ခေါင်းကြီးသာ ငုံ့ပြီး
ထမင်းပန်းကန်ကိုယူကာ ဇွန်းဖြင့်
စားနေသည့် သူမကိုကြည့်ရင်း
မဟာ ပြုံးလိုက်မိပြန်သည်..
စောနကကိစ္စကြောင့် ရှက်နေလို့လားမသိ...
မျက်နှာလေးက နီမြန်းနေကာ..
တည်တည်ကြီး ထမင်းစားနေသည့်ပုံက
ခလေးတစ်ယောက်လိုပင်

တေးတစ်ယောက် စောနက ကိစ္စကို
ပြန်တွေးတိုင်း ရှက်လွန်းလို့ ပါးတွေပူနေရသည်
ထမင်းကို ခပ်သွက်သွက်စားပြီး..
တဲအပြင်ဘက်ကို ထွက်လာကာ..
ပန်းကန်ဆေးဖို့သာ လုပ်လိုက်သည်..

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

" အားလုံး အဆင့်သင့် ဖြစ်ပြီလား.."

မင်းတစ်ယောက်သာ   ( OR )   ချစ်လွန်းလို့ (completed) Où les histoires vivent. Découvrez maintenant